🍥15🍥

2.2K 141 35
                                        

Unicode

အခုဆိုရင် လေးယောက်သား တူတူတက်ခဲ့တဲ့ကျောင်းလေးရဲ့ နောက်ဆုံးဘွဲ့ယူတဲ့နေဖြစ်သည်။

လေးယောက်ထဲမှာ ဂျောင်ဂုကစာရသောကြောင့် ကျန်သုံးယောက်ကိုသင်ပေးသောကြောင့် အထက်တန်းနောက်ဆုံးနှစ်ကို အောင်မြင်ကာ Uniကျောင်းသားကြီးတွေဖြစ်တော့မည်ဖြစ်သည်။

"အထက်တန်း​ပြီးလို့ ဂုဏ်ယူပါတယ် သားထယ်လေး..."

"ကျေးဇူးပါ အန်တီ..."

"အန်တီကလဲ သားလေး ဂျောင်ဂုအထက်တန်းပြီးလို့ ဂုဏ်ယူပါတယ်နော် အန်တီသားလေးကို စာသင်ပေးလို့ရောပဲ...သားက ဂျောင်ဂုလေးကြောင့် အထက်တန်းအောင်တာ..."

ထယ်ယောင်းနဲ့ ဂျောင်ဂုအား ပန်းစီးအသီးသီးပေးကာ ဂုဏ်ပြုပေးတဲ့ မိဘတွေကြောင့် ထယ်ယောင်းပျော်ရပါသည်။

ဂျောင်ဂုကိုတွေ့တော့ ဟာမီးကအပြေးလေး ဂျောင်ဂုနားလာကာ...။

"ဂျောင်ဂုအတွက်...အထက်တန်းပြီးလို့ ဂုဏ်ပြုတာ...ငါ့ကိုဘယ်ချိန်ထိလျစ်လျူရှူနေအုံးမှာလဲ ဂျောင်ဂု...ငါနင့်ကိုချစ်ဟိုအရင်ထဲကလေ..."

"ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်...ငါ့မှာလဲ ငါချစ်နေတဲ့သူရှိတယ် ဟာမီး..."

"ထယ်ယောင်းမလား..."

"အင်း သိနေတယ်မလား...."

"သိတယ်အရင်ထဲက မဟုတ်လောက်ဘူးထင်နေတာ တကယ်ပဲပေါ့..."

"အင်းအစထဲကသူ့တစ်ယောက်ထဲပဲချစ်တာ တောင်းပန်ပါတယ် ဟာမီးဒီတစ်လျှောက် မျှော်လင့်ချက်ပေးမိသလိုဖြစ်ခဲ့ရင်..."

"ဟင့်အင်း နင်မပေးခဲ့ပါဘူး မျှော်လင့်ချက်တောင် ငါဘာသာရှေ့ဆက်နေတာ...ငါကိုကမိုက်မဲလွန်းတာ...ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်ခေါက်အနေနဲ့ ဖက်ထားပေးလို့ရမလား နောက်ဆုံးနှုတ်ဆက်ခြင်းပါပဲ...ငါလဲနိုင်ငံခြားမှာ Uniသွားတက်တော့မှာ..."

ဂျောင်ဂုလဲ သူ့သူငယ်ချင်းမလေးအား နောက်ဆုံးအနေနဲ့ ဖက်ကာနှစ်သိမ့်ပေးလိုက်သည်။

ထယ်ယောင်းက သူတို့နှစ်ယောက်အား အဝေးကကြည့်နေရင်း ဂျောင်ဂုနားရောက်လာတော့ ဂျောင်ဂုသည် ဟာမီးကိုနှစ်သိမ့်ပေးရာမှ ဟာမီးအားဖယ်လိုက်ကာ...။

♡Falling in love ♡(Completed )Where stories live. Discover now