🍥17🍥(Final )

3.4K 157 31
                                        

Unicode

ဂျောင်ဂုတစ်ယောက် Uniဒုတိယနှစ်ဖြစ်နေပြီဖြစ်သောကြောင့် သူ့အဖေ Company မှာဝင်လုပ်ပြီး ရတဲ့ပိုက်ဆံအား တစ်ဝက်ကိုစုကာ တစ်ဝက်အား ထယ်ယောင်းအကြိုက် Gucci စုသည်။

အထက်တန်းအောင်ထဲက ထယ်ယောင်းနဲ့အခုချိန်ထိ တွဲနေကာ ဒီနေ့ကထယ်ယောင်းအား လက်ထပ်ခွင့်တောင်းမဲ့နေ့ဖြစ်သည်။

ဂျောင်ဂု ဘူးအနီလေးထဲက စိန်လက်စွပ်လေးကိုကြည့်ကာ ပြုံးနေမိသည်မှာခနခန...ထယ်ယောင်းအား လက်ထပ်ခွင့်တောင်းဖို့မစောင့်နိုင်တော့...။

မေမေ့ကိုပြောပြီး အကျီကောင်းကောင်းလေးဝတ်ကာ ထယ်ယောင်းနဲ့ချိန်းထားတဲ့ နေရာသို့ထွက်လာလိုက်သည်။

ဒီအချိန်ဆို ကောက်စိန်လေးက ဂျီမင်းတို့နဲ့အတူရှိနေလောက်သည်။

ဂျောင်ဂုအဖေပိုင်တဲ့ Company အပေါ်ဆုံးထပ်တွင် ထယ်ယောင်းအကြိုက် ခရမ်းရောင်လေးများဖြင့် ပြင်ဆင်ထားကာ ထယ်ယောင်းအတွက်အရင်ထဲက တင်တောင်းဖို့စုထားတဲ့ Gucci တွေကိုလဲခင်းကျင်းပြသထားသေးသည်။

Gucci တွေကအမျိုးအစားစုံလင်ကာများလွန်း၍ ဆိုင်တောင်ဖွင့်လို့ရလောက်နေပြီဖြစ်သည်။

ဂျောင်ဂုရောက်တော့ Company အပေါက်ဝတွင် စူပုတ်ပုတ်ရုပ်လေးဖြင့် သူ့အားစောင့်နေသောကြောင့် ဂျီမင်းက မျက်စပစ်ကာ ထယ်ယောင်းအားထားခဲ့သဖြင့် ဂျောင်ဂု...ထယ်ယောင်း အရှေ့ရောက်တော့...။

" မုန့်တူတူစားမယ်ဆိုပြီး ဘာလို့မင်းအဖေ Companyကြီးခေါ်လာတာလဲ..."

"လာ ကိုယ့်နောက်လိုက်ခဲ့..."

ထယ်ယောင်းလက်ကိုဆွဲကာ ​ဓာတ်လှေကားထဲခေါ်သွားသဖြင့် ထယ်ယောင်းစူပုတ်ပုတ်ရုပ်လေးဖြင့် ဂျောင်ဂုခေါ်ဆောင်ရာနောက် လိုက်ပါသွားတော့သည်။

ဓာတ်လှေကား ပွင့်ပွင့်ချင်း ထယ်ယောင်းမျက်လုံးအား လက်နဲ့အုပ်လိုက်သော ဂျောင်ဂုကြောင့် ထယ်ယောင်းလန့်သွားရကာ အနောက်လှည့်ကာ မျက်လုံးကိုပိတ်ထားတဲ့ ဂျောင်ဂုလက်ကိုဖယ်လိုက်တော့ မြင်လိုက်ရတဲ့ ခရမ်းရောင်တွေပြည့်နက်နေတဲ့ ခေါင်မိုးထပ်ကြီးနဲ့ Gucci တွေကို ခင်းကျင်းပြသထားပြီး အလယ်တည့်တည့်တွင် ခရမ်းရောင်ပန်းလေးများဖြင့် ပုံပေါ်ထားတဲ့စာသားလေးတစ်ခု...။

♡Falling in love ♡(Completed )Where stories live. Discover now