Unicode
နောက်နေ့ကျတော့ ခါတိုင်းထယ်ယောင်းကိုအနိုင်ကျင့်နေကျ အင်ယော့ရပ်နေကျနေရာတွင် အခုရပ်နေတာက အင်ယော့မဟုတ်ပဲ အင်ယော့အစ်ကို မင်ယော့ဖြစ်နေသည်။
"အစ်ကို ဒီမှာဘာလုပ်နေတာလဲ..."
"ကိုယ်ကဒီကျောင်းကပဲလေ ဒီနားမှာရှိတာထူးဆန်းလို့လား..."
"ဒီကျောင်းမှာ မတွေ့ဖူးလို့လေ ဘာပဲဖြစ်ဖြစ် ထားလိုက်တော့..."
ထုံးစံအတိုင်း ထယ်ယောင်းသွားဖို့လုပ်တော့ ထယ်ယောင်းလက်ကို လှမ်းဆွဲလိုက်သောကြောင့်...။
ဘေးက ဂျီမင်းနှင့်ဂျောင်ဂုပါ လမ်းလျှောက်ရင်း ရပ်သွားကြသည်။
"အစ်ကိုက စတာပါကွာ...အင်ယော့လုပ်လို့မျက်နှာထိသွားတာ...အစ်ကိုပေးတဲ့ဆေးသေချာလိမ်းရဲ့လား..."
"အဲ့နေ့က အစ်ကိုကျွန်တော့်ကိုပေးလိုက်လို့လား ကျွန်တော့်စီမပါလာဘူး အဲ့ဒါနဲ့ဂျောင်ဂုကဆေးသေချာလိမ်းပေးလို့ သက်သာသွားပါပြီ..."
ထယ်ယောင်းသည် ဂျောင်ဂုအား လက်ညိုးထိုးပြကာပြောလေသည်။
"အာ...ကိုယ်ကမင်းအတွက် သမားတော်စီက ဆေးသေချာတောင်းပေးထားတာကို..."
"ရပါတယ် အစ်ကို ဂျောင်ဂုကလဲ သမားတော်စီက ဆေးပဲမို့ အဆင်ပြေပါတယ်...နောက်ကျရင်အပြစ်ပေးခံရမှာမို့ သွားလိုက်ပါအုံးမယ်..."
ထယ်ယောင်း မင်ယော့ကိုနှုတ်ဆက်ပြီး အရှေ့ကထွက်သွားတော့ ဂျီမင်းနှင့်ဂျောင်ဂုလဲအနောက်ကလိုက်သွားပေမဲ့ မင်ယော့ကသူ့ဘေးကဖြတ်သွားတဲ့ ဂျောင်ဂုလက်မောင်းကိုလှမ်းဆွဲလိုက်ကာ...။
"မင်းမလား...မင်းကိုအဲ့နေ့က ဆေးကအောက်ပြုတ်ကျနေတာကို ကောက်သွားတာငါတွေ့တယ်...ငါဆေးနဲ့မျက်နှာလုပ်လိုက်တာလား..."
"မဟုတ်တာ အစ်ကိုဆေးကို လမ်းမှာပဲပစ်ခဲ့တာ..."
"ဘာလို့လဲ..."
"ထယ်ယောင်းကို သူ့အမေက သူ့သားကိုတစ်ယောက်ယောက်ထိုးသွားတာသိရင် ငြိမ်နေမယ်ထင်နေတာလား ... အဲ့ဒါကြောင့် ဆေးပစ်ခဲ့ပီး ခေိာ်ကျတယ်လိုကျွန်တော်ပြောပေးခဲ့တာလေ ထယ်ယောင်းအမေက ကျွန်တော်ကိုယုံတယ်လေ..."
![](https://img.wattpad.com/cover/367874941-288-k175869.jpg)
YOU ARE READING
♡Falling in love ♡(Completed )
RomanceTaekook Kim Taehyung ×Jeon jungkook Start date-27.4.2024 End date-15.5.2024 Top-Jeon Jungkook Bottom -Kim Taehyung