Unicode
ထယ်ယောင်း လွယ်အိတ်ထဲလိုတာတွေထည့်နေတုန်း အိမ်အောက်ထပ်က ဂျောင်ဂုရဲ့အသံကြောင့် အဝတ်တစ်ပုံထည့်ထားသော လွယ်အိတ်ကိုလွယ်ကာ ေအာက်ထပ်ဆင်းလာတော့ မြင်လိုက်ရတဲ့ပုံစံကြောင့် ကြောင်တောင်ကြောင်သွားရသည်။
ထမင်းစားပွဲပေါ်တွင် မေမေ ေဖျာ်ပေးထားပုံရတဲ့ချောကလတ်ပူပူလေးကို ပါးစပ်မှာပေကျပ်အောင်သောက်ထားကာ သူအိမ်သူ့ရာလို ခြေထောက်နှစ်ဖက်ထောင်ထားကာ မုန့်စားနေသော ဂျောင်ဂုကြောင့်ဖြစ်သည်။
"ရားဘာလုပ်နေတာလဲ..."
"မုန့်စားနေတာလေ ေဂျာင်ဂုက...တစ်လက်စထဲသားလဲစားသွားမေမေ မုန့်တွေလဲထပ်ထည့်ပေးလိုက်မယ် ဂျောင်ဂုအမေက အားလူးပြော်ထုတ်တွေနဲ့မုန့်တွေအစုံထည့်ပေးလိုက်တော့ မမကလဲ မုန့်တွေထည့်ပေးလိုက်မယ် မိုချီတို့ ချောကလတ်ပူပူလေးတို့လေ..."
ထယ်ယောင်းလဲ သူ့အမေအပြောကို ခေါင်းညိမ့်ပြလိုက်ပြီး ဂျောင်ဂုဘေးဝင်ထိုင်ကာ ပါမုန့်မီးကင်နဲ့ချောကလတ်ပူပူလေးနဲ့စားလိုက်သည်။
နာရီကိုကြည့်လိုက်တော့ ၆နာရီထိုးတော့မှာဖြစ်သောကြောင့် ဂျောင်ဂုလန့်ဖြန့်ကာ...။
"ထယ်ယောင်း ကားက၆နာရီထွက်မှာလေ အမြန်သွားရအောင်... "
"ဟုတ်သားပဲ မေမေသားတို့သွားပြီနော်..."
လွယ်အိတ်ကလဲ အလေးကြီး မေမေပေးတဲ့မုန့်ထုပ်ပါမသယ်ချင်လို့ ထားခဲ့မလို့လုပ်ပေမဲ့ ဂျောင်ဂုက မုန့်ထုပ်အားယူကာ ထယ်ယောင်းလက်ကိုဆွဲကာ အပြင်သို့ပြေးထွက်လာကာ ကျောင်းသို့ပြေးသွားမယ်လုပ်ရုံရှိတယ် ဂျောင်ဂုအမေက ကားနဲ့လိုက်ပို့မယ်ဆိုသောကြောင့် ကားဖြင့် ကျောင်းသို့ရောက်လာသည်။
"အန်တီ ကျွန်တော်တို့သွားတော့မယ်နော် လိုက်ပို့ပေးလို့ကျေးဇူးပါဗျ..."
ဂျောင်ဂုအမေက ပြုံးကာထယ်ယောင်းအား ခေါင်းညိမ့်ပြလိုက်တော့ ထယ်ယောင်းလဲ ရှပ်ပြာရှပ်ပြာဖြင့် အရင်ထွက်သွားတော့ သူ့မေမေပေးလိုက်တဲ့ မုန့်ထုပ်ကျန်ခဲ့လေသည်။
"သားရေ သားကပဲ သားရဲ့ထယ်ယောင်းလေး ကျန်ခဲ့တဲ့မုန့်ထုပ်ကိုယူသွားပေးလိုက်အုံး..."
YOU ARE READING
♡Falling in love ♡(Completed )
RomanceTaekook Kim Taehyung ×Jeon jungkook Start date-27.4.2024 End date-15.5.2024 Top-Jeon Jungkook Bottom -Kim Taehyung