1.

400 24 0
                                    

တီ တီ တီ တီ
ကျယ်လောင်သောနှိုးစက်အသံကြောင့် ဂျယ်ယွန်းနိုးလာသည်။

*အကိုနဲ့ကျွန်တော့်အမှတ်တရတွေကမနေ့တစ်နေ့လိုပါပဲလား။*

*အကိုကကျွန်တော့်ကိုစိတ်မပျက်နိုင်အောင် အိမ်မက်တွေပေးတတ်သည်ထင်ပါရဲ့။*

*ကျွန်တော်အကို့ကိုမေ့မရနိုင်သေးဘူးအကို။*

အကို့ကိုမမေ့နိုင်ဘဲ အခုထိ စွဲလမ်းစွာ ချစ်မိနေတာဟာ ကျွန်တော်အကို့ကိုပိုင်ဆိုင်ဖို့ ဖြစ်နိုင်သေးလို့ဆိုပြီး ကျွန်တော်ဟာ တစ်ဇွတ်ထိုး ယုံကြည်တတ်သည်။

အမှန်တိုင်းဝန်ခံရမည်ဆိုလျှင် ကျွန်တော့်ကိုယ်ကျွန်တော်သိလျက်နဲ့ညာနေမိတာပါ။ အမှန်တရားကိုရင်မဆိုင်ရဲသည်မို့။ ကျွန်တော်တို့ မဖြစ်နိုင်သည့်အကြောင်းကိုတွေးမိတိုင်း ရင်ထဲတစ်ဆစ်ဆစ် နာသည်မို့။

မဖြစ်နိုင်မှန်းသိပေမယ့် ဖြစ်နိုင်ချေ 1% ကို ကပ်တွယ်နေသည့် ကျွန်တော့် နှလုံးသားကို ဦးနှောက်က ရီနေလောက်မည်လား။

"ဂျယ်ယွန်းရေ သားသူငယ်ချင်းဆောင်ဟွန်းရောက်နေပြီ။ "
အမေသည် အောက်ထပ်မှ လှမ်းအော်သည်။

"အောက်မှာ ဘာလုပ်နေတာလဲ ဆောင်ဟွန်း...အပေါ်တက်ပြီးငါ့အခန်းထဲလာခဲ့လေ။အရင်ကလည်းဝင်နေကြပဲကို။"

"မရပါဘူး မင်းအောက်ထိလာကြိုတာကိုပဲ လိုချင်တာ။"

"ကျစ်။ ဂျယ်ယွန်း သက်ပျင်းတစ်ချက်ချလိုက်သည်။ ဒီကောင်ဘာတွေထွင်နေပြန်ပြီလဲ မသိဘူး။"

ဂျယ်ယွန်းလည်း စိတ်မရှည်စွာ အောက်ဆင်းပြီး ဆောင်ဟွန်းအား အခန်းထဲဆွဲလာလိုက်တော့ အနောက်ကနေလှစ်ခနည်းပါလာသည်။

"မနက်အစောကြီးရစ်တယ်နော် ဟွန်း။ မင်းတက်လာလိုက်လည်းရတာကို။ မင်းကြောင့်ငါပင်ပန်းသွားပြီ။ ဘာပြန်လုပ်ပေးမှာလဲ ပြော။"

ဆောင်ဟွန်းသည် ပြန်မပြောပဲ ကျွန်တော့်ကိုကြည့်နေသည်။ ကျွန်တော်ပဲ အထင်မှားလို့လား မျက်နှာသည်ပြုံးရိပ်သန်းနေတစ်ယောင်။

ယွန်းWhere stories live. Discover now