ဂျယ်ယွန်းသည် ဟီဆွန်းကို သဘောကြဆဲ။ ဆယ်ကျော်သက်ပီပီ ရူးသွပ်ပြီးအဆွဲလမ်းကြီးသည်။ ဟီဆွန်းတစ်နေ့တာဘာဝတ်တယ််ဆိုသည်ကိုစာအုပ်ထဲပုံဆွဲမှတ်တတ်သည့်အထိ...။ အိမ်ပြန်တိုင်း မှန်ထဲတွင် မြင်ရသော ဟီဆွန်း၏ ပုံရိပ်ကို ခိုးကြည့်ပြီးမှ အိမ်ပြန်သည့်အထိ...။ ဟီဆွန်း၏ ကားနံပါတ်..အရာအားလုံးကိုအလွတ်မှတ်ထားသည့်အထိ...။ ဟီဆွန်းနှင့်စကားတစ်ခွန်းလောက်ပဲဖြစ်ဖြစ် ပြောနိုင်ရန် အမြဲကြိုးစားနေသည့်အထိ..။
ဂျယ်ယွန်း ဤကဲ့သို့ဖြစ်နေသည်ကို ဆောင်ဟွန်းတော့မသိပါ။ သို့သော်...ဂျယ်ယွန်းကို အရိပ်တကြည့်ကြည့် နေလာသည့်ဆောင်ဟွန်းသည် မသိသည်လား..မသိချင်ယောင်ဆောင်နေခဲ့သည်လား..။
........
"ဂျယ်ယွန်း မင်းအမှတ်ပိုရချင်ရင် တီချယ့်ကို ဒီနှစ် science fairမှာကူပေးရမယ်နော်။
ကျောင်းဆရာမသည် ဂျယ်ယွန်းကိုscience fairတွင်ကူပေးရန် အကူညီတောင်းနေသည်။"ဟုတ်တီချယ် ကျွန်တော်ကူပေးပါ့မယ်။"
"ဆောင်ဟွန်းရော်...တီချယ့်ကိုကူပေးမလား"
တီချယ်သည် သူ၏ သမိုင်းဌာနကို လူစီကားစေရန် ဆောင်ဟွန်းကို တောင်းဆိုနေသည်။ သမိုင်းဌာနတွင် ဆောင်ဟွန်းရှိနေလျှင် တစ်ကျောင်းလုံးက ကောင်မလေးတွေ လာကြမည်မလား။"ကျွန်တော် အဲ့တာတွေ စိတ်မဝင်စားဘူး တီချယ်.."
"ဆောင်ဟွန်းကလည်း ငါလည်းပါမှာကို တူတူလုပ်မယ်လေနော်"
"တော်ပြီလို့"
"ဆောင်ဟွန်း ငါ့ကိုစိတ်ဆိုးနေတာလားဟင် မင်းဒီရက်ပိုင်း ငါ့အပေါ်စိမ်းနေတယ်နော်"
"မင်းနဲ့science fairမပါပေးတာနဲ့ပဲ ငါကမင်းအပေါ်စိမ်းရောလား"
*စိမ်းတာထက် ငါမင်းအပေါ်ထားတဲ့ သံယောဇဉ်တွေပိုနေလို့၊ ငါ့စိတ်ကိုယ်ငါ ထိန်းချုပ်ရခက်နေလို့ ခက်ခွါခွါနေနေတာပါယွန်း။"ဂျယ်ယွန်းမျက်နှာလည်းတော်တော်ပျက်နေပြီ။ ဆောင်ဟွန်း ဤကဲ့သို့ စကားပြောတိုင်း ဂျယ်ယွန်းလွန်စွာ ဝမ်းနည်းရပါသည်။ အရင်ကလည်း ဆောင်ဟွန်းက ကလန်ကဆန်ပြောတတ်ပေမယ့် အခုလိုတော့စိမ်းမနေဘူးလေ။
YOU ARE READING
ယွန်း
Fanfictionငိုမိလောက်တဲ့အထိသဘောကျတယ်။ မင်းအမူအရာသေးသေးလေးကအစကိုယ်မြတ်နိုးတယ်။ ကိုယ်မဟုတ်တဲ့တစ်ခြားသူမင်းကိုပိုင်ဆိုင်သွားရင်ဘယ်လိုလုပ်မလဲ။ကိုယ်မပေးလိုက်နိုင်ဘူး။ကိုယ်သဘောထားမကြီးနိုင်ဘူး။ ချစ်လိုက်တာယွန်းရယ် ~