3.

226 18 4
                                    

*Strawberry Shortcake? ကျွန်တော်ဘာလို့စားချင်တာလဲ...*

*လွမ်းလို့။ အကို့ကိုသိပ်လွမ်းလို့ပါ...*

ဂျယ်ယွန်းဟာဟီဆွန်းကိုလွမ်းတိုင်း ဟီဆွန်း
ဝယ်ကျွေးဘူးသည့် strawberry shortcakeကိုစားတတ်သည်။ အလွမ်းပြေလို့ပြေညားထင်ပါရဲ့။

ခဏခဏစားဖြစ်သည်။ ခဏခဏလွမ်းတာကို..

အဲ့လိုနဲ့ပဲ ဆောင်းဟွန်းသည် strawberry shortcake ကိုဂျယ်ယွန်းရဲ့ favourite ထင်သွားသည်ထင်ပါရဲ့။ ဒီအကြောင်းကိုဆောင်ဟွန်းသိရင် ဂျယ်ယွန်းစားချင်တိုင်း မရမက ဝယ်ကျွေးပါဦးမလား။

*အမှန်တိုင်းပြောရရင် ကျွန်တော်ပင်ပန်းနေပြီအကို...strawberry shortcakeတွေအကို့ကိုသတိရတိုင်းစားရတာရပ်လိုက်ချင်ပြီ။ ကျွန်တော်အကို့ကိုမလွမ်းချင်တော့ဘူးလေ။ ဒါမှမဟုတ် အကို့ဝယ်ကျွေးသည့် strawberry shortcakeလေးကိုတစ်ခေါက်လောက်ထပ်စားချင်ပါသည်။ ဤဆန္ဒသည် ကျွန်တော့် စိတ်ထဲက အလိုချင်ဆုံး ဆန္ဒတစ်ခုပါ အကို။ ဒီဆန္ဒလေးကိုတော့ကျွန်တော့်အတွက်ဖြည့်ဆည်းပေးနိုင်တယ်မလား...သနားလို့ပဲဖြစ်ဖြစ်လေ။*

ဂျယ်ယွန်း၏ဆန္ဒလေးသည်ဒီနေ့ပဲပြည့်ဝသွားခဲ့ပြီမလား။ ဂျယ်ယွန်းကတော့သိမည်မဟုတ်။ ဟီဆွန်းသာ ဆောင်ဟွန်းအစား ဂျယ်ယွန်းကို တိုက်ရိုက်ပေးခဲ့လျှင် ဒီအချိန် ဂျယ်ယွန်းအပျော်လွန်၍ အိပ်ယာပေါ်တွေလူးလိမ့်နေမယ်ထင်ပါရဲ့။

*ဦးဆုံး ကျွန်တော့်ကို အကိုနဲ့ ပြန်တွေ့ခွင့်ပေးပါ။ အဲ့ချိန်ကြ အကို့ကို ချစ်တဲ့အကြောင်းတွေ တဝကြီးပြောမယ်၊ အကို့ကိုပိုင်ဆိုင်ချင်လွန်းလို့ ရူးမတပ်မွန်းကျပ်ခဲ့ရတဲ့အကြောင်းတွေပြောမယ်၊ အကို့အမူအရာလေးတွေအားလုံးကိုမြတ်နိုးရတဲ့အကြောင်းပြောပြမယ်...နောက်ဆုံး ကျွန်တော့် သိစိတ်ကရော် မသိစိတ်ကရော အကို့ကိုရွေးချယ်လိုက်တဲ့ အကိုကျွန်တော့်ကိုပြုံးပြတဲ့ ပန်းချီပြိုင်ပွဲနေ့လေးအကြောင်းပြောပြမယ်...*

*ဂျယ်ယွန်း မင်းအကို့အကြောင်းတွေတွေးနေပြန်ပြီလား။ ဖြစ်နိုင်ရင်ငါတကယ်အချိန်တွေကိုနောက်ဆုတ်ပစ်ချင်တယ်။ အဲ့အချိန်ကြ မင်းကိုလည်းပိုဂရုစိုက်မယ်၊ ပြီးရင် ပန်းချီပြိုင်ပွဲမှာ မင်းကို ငါ့အပိုင်ဆိုပြီး လက်ချိတ်ပြီးနေမယ်။ ဒါဆို သူလည်း မင်းကိုမနှုတ်ဆက်လောက်ဘူးမလား။ မင်းအာရုံကလည်းငါ့ဆီမှာဘဲရှိနေမယ်မလား ယွန်း။*

ယွန်းWhere stories live. Discover now