4.

163 15 0
                                    

*ဆယ်ကျော်သက်အရွယ်မှာ သစ်ရွက်လေးတွေလှုပ်တာကအစ ရင်ခုန်တတ်ကြသတဲ့။ အကိုရော...ကျွန်တော့်ကိုအဲ့လိုများထင်နေမလားနော်။ ကျွန်တော်ကိုယ်ကျွန်တော်လည်းအဲ့လိုထင်ခဲ့တာပါ။ ခဏတာသဘောကြခြင်းလို့ပေါ့။ သို့သော် ကျွန်တော့်အရာအားလုံးကအကိုဖြစ်နေလောက်တဲ့အထိ ကျွန်တော်အကို့ကိုမြတ်နိုးသဘောကျခဲ့ရပါတယ်။*

ဂျယ်ယွန်း ဟီဆွန်းကို ဆွဲလန်းမိသည်မှာ အမှန်တကယ်ပင်။ ဟီဆွန်း၏အပြုံးသည် ဂျယ်ယွန်းရင်ထဲတွင် ဖျက်လ်ို့မရသည့် မှင်သကဲ့သို့ထင်ကျန်နေသည်။

ဂျယ်ယွန်းကိုတခြား ဘယ် သူစိမ်းယောက်ျားလေးမှယခုကဲ့သို့စပြီးလာမနှုတ်ဆက်ဘူးပါ။ ဟီဆွန်းသည်ပထမဦးဆုံးဖြစ်သည်မို့ရင်ခုန်ရသည်ထင်ပါရဲ့။

"မင်းဘာတွေစဉ်းစားနေတာလဲ"

ဆောင်ဟွန်းအသံအားကြားလိုက်ရမှ ဂျယ်ယွန်းအသိစိတ်ပြန်ဝင်လာသည်။ ဒါနဲ့သူ ဆောင်းဟွန်းကိုပြောပြသင့်လား။

"ဘာမှမဟုတ်ပါဘူး..ငါပန်းချီပြိုင်ပွဲအကြောင်းစဉ်းစားနေတာ"

"ပန်းချီပြိုင်ပွဲကဘာဖြစ်လို့?"

"ဒီတစ်ခေါက်လည်း မင်းပဲထပ်ဆုရမလားလို့"

"သိရင်ပြီးရော်။ ဒီနှစ်လည်း ငါပဲယူမှာ။"

"ငါကဆုရပြီးပြီ မလိုတော့ဘူး"
*ဒီနှစ်အတွက် အကို့အပြုံးတွေကိုရလိုက်ပြီမို့ ငါ့အတွက်ဆုမလိုတော့ဘူး ဆောင်ဟွန်း*

ဂျယ်ယွန်း ပြုံး၍ပြောနေသောစကားကို နားမလည်သောကြောင့် ဆောင်ဟွန်းမျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။

"ဘာကို.."

"နားလည်တာလဲ မဟုတ်ဘဲနဲ့။ စာသာအရင်လုပ်။"

"မင်းငါ့အိမ်စာတွေကူရေးပေး။ မရေးပေးရင်မင်းအဖေနဲ့တိုင်မှာ"

"အင်း ရေးပေးမယ်"

*ပုံမှန်ဆို "မရေးပေးနိုင်ဘူး၊ မင်းမှာလက်မပါဘူးလား..ငါ့အဖေနဲ့တိုင်လည်းဂရုစိုက်ဘူး"ဟုပြန်ပြောပြီး ကတ်ကတ်လန် ရန်ထောင်တတ်သည့်မင်းက...ပြုံးနေတယ်။ ရေးပေးမယ်တဲ့။ ပျော်စရာတစ်ခုခုရှိလို့ထင်ပါရဲ့။ မင်းပျော်ရင်ငါကလိုက်ပျော်နေကြပါယွန်း။ဒါပေမယ့် ဒီတစ်ခေါက် ငါမပျော်ဘူး..ငါမဟုတ်တဲ့တခြားတစ်ယောက်ကြောင့်မင်းပျော်နေတယ်လေ။*

ယွန်းWhere stories live. Discover now