7.

208 14 2
                                    

နားထဲစီးဝင်လာတဲ့ ဆောင်ဟွန်းဆီက အမေးတစ်ခု...

"မင်း အကိုဟီဆွန်းကို ကြိုက်နေတာလား" တဲ့

အမေးရှိရင်အဖြေရှိရတယ်။ ဒါပေမယ့် ဒီအခြေနေမှာ ဂျယ်ယွန်း ဘယ်အဖြေကိုပေးရမည်နည်း။ မလိမ်ဘဲ ရိုးသားစွာဖြေတဲ့အဖြေလား...ချစ်ရသောသူငယ်ချင်းပျော်ရွှင်ဖို့အတွက် မုသားသုံးပြီးဖြေတဲ့အဖြေလား...

"...."

"ယွန်း...ငါမေးနေတယ်လေ"

"....မကြိုက်ဘူး"

"ဘာ-"

"မကြိုက်ဘူးလို့ အကိုဟီဆွန်းကို"
*ဟုတ်တယ် ငါလိမ်ပြီးဖြေလိုက်တာမှန်တယ်။ ဟွန်းကလည်း အကို့ကိုကြိုက်နေတာထင်တယ်..ငါ့အတွက်နဲ့ သူ့ကို စိတ်မရှုပ်စေချင်ဘူး။ ငါနောက်ဆုတ်တာ အကောင်းဆုံးပဲ"

"ဟုတ်လို့လား ရှင်းမ်ဂျယ်ယွန်း မင်းငါ့ကိုမလိမ်နဲ့"

"ဟုတ်တယ်လို့။ ငါကအကို့ကို ဒီတိုင်းစာတော်ပြီး သဘောကောင်းလို့ ခင်ချင်ရုံပဲ"

"အော်..."

အရှေ့ဆိုဖာပေါ်တွင် ရုပ်ရှင်ကို သဲကြီးမဲကြီးကြည့်နေတဲ့ ဂျယ်ယွန်းကတော့ အနောက်က ထခုန်မတက်ပျော်နေသည့် ဆောင်ဟွန်းကိို မြင်မည်မဟုတ်..။

မြင်ခဲ့လျှင်လည်း ဤပျော်ရွှင်မှုဟာ ဟီဆွန်းနဲ့မဆိုင်ဘဲ..ဂျယ်ယွန်းကိုမြတ်နိုးရသောကြောင့်သာ ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှု၊ မိမိချစ်နှစ်သက်သူက ကိုယ်မဟုတ်သည့်သူကို မချစ်ကြောင်းပြောသောကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်စရာခံစားချက် ဆိုသည်ကို သိပါလိမ့်မည်လား...

"ဆောင်ဟွန်းနား ငါ့ဘေးလာထိုင်ပါလား"

ငကြောက်လေးက သရဲကားကြည့်ပြီး ကြောက်နေသည်ထင်။ အသံကျယ်လာတိုင်းခန္ဒာကိုယ်လေး တုန်တုန်သွားကာ မျက်နှာကို ခေါင်းအုံးကြီးနဲ့ကာထားသည်။

"ဟားဟား ဘာလဲ...ကြောက်လို့လား။"

"မဟုတ်ပါဘူး ငါလား သရဲကြောက်မှာ...မင်းကြောက်နေမှာစိုးလို့ စေတနာနဲ့ခေါ်တာ"

ယွန်းWhere stories live. Discover now