မင်းလေး ကိုယ့်ကို ချစ်လို့သဝန်တိုပါစေ လို့သာဆုတောင်းခဲ့တာပါ...။
မင်းရဲ့ အမုန်းတရားတွေ၊ အထင်လွဲမှုတွေရတာကတော့ ဘုရားသခင်က ကိုယ့်ရဲ့ဆုတောင်းငယ်ကိုမှားပြီးဖြည့်ဆည်းခဲ့ပုံပဲယွန်းငယ်...
ဒါမှမဟုတ်...
ကိုယ့်ကို ဒဏ်ခက်တာများလား။
ယုံပါ ယွန်းငယ်...
ကိုယ်မင်းကို မြတ်နိုးပါတယ်၊ တန်ဖိုးထားပါတယ်။ အသက်ထက်ချစ်ရပါသောယွန်းငယ် အရှက်ရစေအောင် ကိုယ်ဘယ်တော့မှမလုပ်ပါဘူး။
ဒါကိုတော့ မင်းလေး ယုံမယ်မလား...။
ကျွန်တော် ဆွဲထားခဲ့သင့်တာ....
ထွက်သွားတဲ့ ကျောပြင်ငယ်လေးကို ငေးကြည့်ခဲ့ရုံသာ တတ်နိုင်ခဲ့တဲ့ ကျွန်တော်က၊ နည်းနည်းလောက်ပဲဖြစ်ဖြစ် သတ္တိလေးမွေးပြီး ဆွဲထားခဲ့သင့်တာ၊ ချစ်တဲ့အကြောင်းတွေ ဝန်ခံခဲ့သင့်တာ..
ခုတော့ ယွန်းငယ်နဲ့ ကျွန်တော်ဝေးသွားပြီထင်ပါရဲ့။ ...
ထိုရက်မှ စ၍ ယွန်းငယ်သည် ကျွန်တော့်အပေါ် အေးစက်သွားခဲ့သည်။
အခန်းရှေ့က ခြေလှမ်းများသည် တိတ်ဆိတ်လျက်...။
ပြတင်းပေါက်မှ အခန်းထဲသို ခိုးကြည့်တတ်သည် မျက်ဝန်းတစ်စုံသည် ထိုနေ့မှစ ပျောက်ကွယ်ခဲ့သည်။
ကျွန်တော်...ရိပ်မိပါတယ်...
သူလည်း ကျွန်တော့်ကို သဘောကျနေတာကို...
သူရဲ့အပြုံးလေးတွေက ဖော်ပြနေတာမို့။
ဒါမှမဟုတ် ထိုအပြုံးတွေကြောင့်ပဲ ကျွန်တော် စိတ်ကူးယဉ်ဆန်ခဲ့သည်လား။
ကျွန်တော် ဂျေးကို ဝမ်းပန်းတစ်သာနှင့် ဂျယ်ယွန်း ကျွန်တော့်ကိုကြိုက်နေနိုင်ကြောင်း ပြောခဲ့ဘူးပါသည်။ ချစ်ရပါသောကလေးနဲ့ အဆင်ပြေနေတုန်းကပေါ့။ ကျွန်တော် အဲ့တုန်းကတော့ စိတ်ကူးယဉ်လို့ရသေးတယ်လေ။...
ဂျေးလည်းသေချာပေါက် အဲ့လိုဖြစ်နိုင်ကြောင်းပြောသည်။
သူတို့၏စကားဝိုင်းကို ထောင့်တစ်နေရာမှနားထောင်နေသောသူတစ်ဦး...
နားစွန့်တစ်ဖျားကြားသည့်စကားများကိုပုံကြီးချဲ့ပြောတတ်သောဆိုယွန်းအကိုဆိုသည့်သူကြောင့်သာမဟုတ်လျှင် ဂျယ်ယွန်းနှင့်ကျွန်တော့်ဇာတ်လမ်းလေးက တစ်မျိုးတစ်ဖုံ ပြောင်းလဲတည်ရှိနေလောက်မည်လား
YOU ARE READING
ယွန်း
Fanfictionငိုမိလောက်တဲ့အထိသဘောကျတယ်။ မင်းအမူအရာသေးသေးလေးကအစကိုယ်မြတ်နိုးတယ်။ ကိုယ်မဟုတ်တဲ့တစ်ခြားသူမင်းကိုပိုင်ဆိုင်သွားရင်ဘယ်လိုလုပ်မလဲ။ကိုယ်မပေးလိုက်နိုင်ဘူး။ကိုယ်သဘောထားမကြီးနိုင်ဘူး။ ချစ်လိုက်တာယွန်းရယ် ~