6.

164 14 3
                                    

ကျွန်တော် ခံယူထားတဲ့ အကို့ပုံစံက...စာတော်၊ယဉ်ကျေးပြီး သဘောကောင်းတဲ့၊ ကျွန်တော် သိပ်ကိုသဘောကျရတဲ့ ကျွန်တော့်ရဲ့စံပြ။ ဒါပေမယ့်..အကိုက လက်တွေ့မှာရော် တကယ်ပဲ အဲ့လိုဟုတ်ရဲ့လား...။

ဂျယ်ယွန်းစိတ်ထဲထင့်နေသည်။ အကိုတို့မိသားစုက အနည်းဆုံးတော့ ကားပေါ်က ဆင်းကြည့်ပြီး အဆင်ပြေလား မေးရမယ်လေ။ အခုဟာက သက်သက် လျစ်လျူရှုသွားတာ။

"ရှပ်တိုက်မိတာမို့ မသိလိုက်လို့နေမှာနော်"
ဂျယ်ယွန်း အတတ်နိုင်ဆုံး ဟီဆွန်းဘက်က ကာပြောပေးနေသည်။ အကိုတို့က တာဝန်ယူမှုမရှိပေမယ့် မေမေတို့က အကို့မိသားစုကို လူမှု​ရေးခေါင်းပါးတဲ့မိသားစုဟု အထင်မခံစေချင်ပါ။ ချစ်ရတဲ့သူမို့...ထိုလူကို အတတ်နိုင်ဆုံး ကာကွယ်ပေးချင်သည်။

"မသိဘဲနေမလားကွ တခြားလူတွေတောင်ဝိုင်းကြည့်နေတာကို...သားအဲ့တာဘယ်သူ့ကားလဲသိလား။"
ဖေဖေကဒေါသတကြီးမေးတော့...

"သား မသိဘူး။"
လိမ်တာကိုမကြိုက်တဲ့ကျွန်တော်...ဒီတစ်ခါတော့ လိမ်ပါရစေ။ အကို့ကို ဘယ်သူမှ မကောင်းမြင်တာမခံစေချင်တဲ့အထိ စိတ်ရင်းနဲ့သဘောကျတာမို့လို့ပါ။

ဂျယ်ယွန်းစိတ်ထဲမကောင်းပါ။ ကားမောင်းတာအကို့အဖေဆိုပေမယ့်..အကိုကကားနောက်ခန်းမှာပါတယ်လေ...မနက်ဖြန်တော့ အကိုဒီကိစ္စကို လာတောင်းပန်ကောင်းပါရဲ့။

ကျူရှင်ရောက်သော်လည်း ကျွန်တော်က အပေါ်ထပ်၊ အကိုကအောက်ထပ်တွင် စာသင်ရသည်မို့ ကျွန်တော်တို့မတွေ့ဖြစ်ကြ။ ကျွန်တော် အိမ်သာလည်းမသွားချင်ပါ...အခုချိန်တော့ အကို့မျက်နှာကိုမမြင်ချင်သေးဘူးလေ။

"ဂျယ်ယွန်း မင်းဒီနေ့ ငြိမ်နေတယ် ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူးဆောင်ဟွန်းရဲ့ ဒီတိုင်း.."

"မနေ့က မင်းတို့ကားကို ကားတစ်စီးဘေးကတိုက်သွားတယ်ဆို။"

"မင်းက ဘယ်လိုသိ..."

"တခြားသူတွေပြောနေကြတာကိုကြားလို့။ မင်းကငါ့ကိုဘာလို့မပြောပြတာလဲ။ တိုက်တဲ့သူကရော လာတောင်းပန်လား။"

ယွန်းWhere stories live. Discover now