ပြတင်းပေါက်မှတစ်ဆင့် ဘေးတိုက်မြင်နေရသော အကို့မျက်နှာငယ်...
ဘေးကကောင်မလေးကြောင့် ပြုံးယောင်သန်းနေတယ်...
အကို့အချစ်ဦးက လှလိုက်တာ...ဖူးငုံစိုပြေနေသည့် အလှတရားတွေအပြည့်။ အပ်ပေါက်လောက်မျှ အပစ်နာဆာမရှိ...။
ထိုကဲ့သို့ ပြီးပြည့်စုံစွာ အပင်ထိပ်တွင် ပွင့်လန်းနေသည့်ပန်းခိုင်သဖွယ်ရှိသည့် အကို့အချစ်ဦးနဲ့
ကျွန်တော်.....
ယှဉ်နိုင်ပါမည်လား....
ကျွန်တော် အားငယ်ရပြန်တယ်။
ယုံကြည်မှု အောက်ဆုံးနှင့် နွမ်းလျကာ ပြန်လာသော် အခါ ဆောင်ဟွန်း၏အမေးတစ်ခွန်းသည် ကျွန်တော့်ဦးခေါင်းတည့်တည့် မိုးကြိုးပစ်လိုက်သကဲ့သို့...
"ဂျယ်ယွန်း...မင်း အကိုအီဟီဆွန်းကိုကြိုက်နေတာဆို။"
ဆောင်ဟွန်းသိသွားပြီ...
"မ-မဟုတ်-"
"ဘာမဟုတ်တာလဲ။ အခုထိငါ့ကိုလိမ်ချင်နေတုန်းလား။ ငါ့ကိုဆိုယွန်းပြောပြလို့သိပြီးပြီ။ ငါက တခြားသူပြောပြမှ သိရမဲ့လူလား။ မင်းကငါ့ကို အရေးပါတယ်လို့မတတ်မှတ်တာလား"
မျက်နှာများနီကာ အသံကိုမတုန်ရီအောင်မထိန်းနိုင်သည့် ဆောင်ဟွန်းသည် အမှန်တကယ် နာကျင်နေသည် ထင်ပါရဲ့။
"ဆိုယွန်းကို ဘယ်သူကပြောလဲ"
"သူ့အကိုကို အီဟီဆွန်းကပြောတာ။ သူတို့ကတစ်ခန်းတည်းလေ..ဘာတဲ့...ဆိုယွန်းတို့အခန်းထဲက ဂျယ်ယွန်းဆိုတဲ့ ပိန်ပိန်နဲ့ စာဂျပိုးကောင်တစ်ယောက်က လိုက်ကြိုက်နေတာဆိုပြီး။ သူ့သူငယ်ချင်းတွေ့ကိုပါလိုက်ပြောနေတာထင်တယ်"
"...."
"မင်းအကြောင်းကိုအဲ့လိုလိုက်ပြောနေတဲ့ အဲ့လူကိုလည်းငါမုန်းတယ်။ သူ့ကိုကြိုက်တဲ့မင်းကိုလည်းမုန်းတယ်။ ငါ့ကိုမပြောပြလို့ပိုမုန်းတယ်။"
ဂျယ်ယွန်းမပြောပြလည်းသိနေမှန်းကိုတော့ ဆောင်ဟွန်းမပြောပြဖြစ်လိုက်...စိတ်ထင်တာ၊ တကယ်မဟုတ်ဘူးလို့ ဆောင်ဟွန်းသတ်မှတ်ထားသည့် ကိစ္စတွေ တကယ်ဖြစ်နေ၍ ပိုမို ဒေါသထွက်နာကျင်ရပါတယ်။
YOU ARE READING
ယွန်း
Fanfictionငိုမိလောက်တဲ့အထိသဘောကျတယ်။ မင်းအမူအရာသေးသေးလေးကအစကိုယ်မြတ်နိုးတယ်။ ကိုယ်မဟုတ်တဲ့တစ်ခြားသူမင်းကိုပိုင်ဆိုင်သွားရင်ဘယ်လိုလုပ်မလဲ။ကိုယ်မပေးလိုက်နိုင်ဘူး။ကိုယ်သဘောထားမကြီးနိုင်ဘူး။ ချစ်လိုက်တာယွန်းရယ် ~