2.

210 23 0
                                    

*ငါ့ရဲ့နေ့ရက်တိုင်းကမင်းစိတ်နဲ့စပြီးမင်းစိတ်နဲ့ဆုံးတာပါ ဂျယ်ယွန်း။ ငါ့စိတ်ထဲမှာ မင်းရဲ့ဘေးရှိနေရဖို့တစ်ခုတည်းကိုသာ၊ ငါ့ဦးနှောက်ထဲမှာ မင်းကိုပျော်ရွှင်အောင်ဘယ်လိုထားရမလဲကိုသာ စဉ်းစားဖို့ အလုပ်လုပ်တယ်ထင်ပါရဲ့...*

*မင်းရဲ့ဘေးမှာငါအချိန်ပြည့်ရှိနေပါရဲ့နဲ့ မင်းသူ့ကိုလွမ်းနေတယ်နော်ယွန်း။ မင်းဘေးကငါ့ရဲ့ဖြစ်တည်မှုက မင်းအတွက်မလုံလောက်ဘူးလားဟင်။*

ကျွန်တော်ပိုကြိုးစားသင့်သည်မလား...ဟိုတစ်ယောက်ရဲ့ကွက်လပ်ကိုဖြည့်ပေးနိုင်တဲ့အထိ

"ဆောင်ဟွန်း..ဘာတွေတွေးနေတာလဲဟင်။"

ဆောင်ဟွန်းသည်ဘာမှမပြောပါ။ မျက်နှာမပျက်အောင်ထိန်းထားဖို့မေ့နေသည်ထင်..ဝမ်းနည်းနေကြောင်းအထင်းသားပေါ်နေသည်။ ဂျယ်ယွန်းသည်တော့ ရိပ်မိမည်မထင်ပါ။ ဂျယ်ယွန်းသည် ဆောင်ဟွန်းကို သူကိုယ်တိုင်တောင်မသိဘဲ ရက်စက်သည့်နေရာမှာ တော်သည်မလား။

"မင်းက သူ့ကိုလွမ်းနေတာလား"

"ငါ- ငါကအက်ို့ကိုမလွမ်းပါဘူး။ ဒီတိုင်းပဲအိမ်မက်မက်တဲ့အကြောင်းပြောပြတာပါ။ ဒါပေမယ့်နော် အိမ်မက်မက်တယ်ဆိုတော့ ရှေးလူကြီးတွေအရဆို အက်ိုငါ့ကိုလွမ်းနေလို့နေမှာနော် ဟီး။"
ဂျယ်ဟွန်းသည်ရှက်ပြုံးလေးပြုံး၍ပြောသည်။

*မင်းမလွမ်းဘူးပြောပေမယ့် ထိုလူပါတဲ့အိမ်မက်လေးတစ်ခုက မင်းကိုအရမ်းပျော်စေနိုင်တယ်နော်။ အဲ့ကြောင့် မင်းမျက်နှာလေး ဒီနေ့ပိုရွှင်လန်းနေတာများလား။*

ကျွန်တော်ထိုလူထပ်သာအောင်ဘာလုပ်ရမလဲအဖြေဝိုင်းရှာပေးကြပါဦး။ ဖြစ်ရောဖြစ်နိုင်ပါမလားဗျာ။ ကျွန်တော်ထိုလူနဲ့ယှဉ်ရင်ယုံကြည်ချက်မရှိဘူး။ အမြဲသိမ်ငယ်ရပါတယ်။

"ဟင်း မလွမ်းလို့သာပဲ ပြုံးဖြီးပြီီး ပြောနေတာ"

"အသေးစိတ်ပြောပြရမလား အိမ်မက်ထဲမှာလေ သူက ငါ့ကိုလာတောင်းပန်တယ်။ ပြီးတော့ငါ့ကိုအမြဲချစ်- "

"မသိချင်ဘူး အရေမရအဖက်မရတွေ..အဲ့တစ်ယောက်ကမင်းကိုမှတ်မိမှာတောင်မဟုတ်ဘူး။ အဲ့တုန်းကသူ့အတွက်မင်းက စောက်ကလေး သာသာပဲနေမှာ"

ယွန်းWhere stories live. Discover now