(Unicode)
A နိုင်ငံ မြို့ေတာ်ရှိ တိုင်းရင်းဆေး သုသေတန ကျောင်း၌
ဂျူတီကုတ်ဖြူဖြူများဝတ်ဆင်ထားသော လူပေါင်းများစွာမှာ ကျောင်းဝန်းထဲ ပျားပန်းခတ်ရှုပ်ထွေးလျက်။
တစ်ခုသော စာသင်ခန်းထဲ၌မူ ပါမောက္ခမှာ လက်တွေ့သင်တန်းပို့ချလျက်ရှိပြီး ေကျာင်းသားလေးများမှာ လိုက်လံမှတ်သားလို့နေသည်။
ပါမောက္ခမှ သင်ကြားပို့ချနေရင်း နာမည်စာရင်းစာအုပ်ကောက်ကိုင်လိုက်ကာ"ကဲ မနေ့က ပေးလိုက်တဲ့ အိမ်စာ ဘယ်သူလုပ်လာလဲ တစ်ချက်လောက် စစ်ကြည့်ရအောင်"
ကျောင်းသားလေးများမှာ ရှုံ့မဲ့ကုန်ပြီး အီးအီးအားအား ငြီးတွားလို့လာသည်။
ပါမောက္ခမှ တစ်ယောက်ပြီးတစ်ယောက် နာမည်ခေါ်ကာ မေးသွားပြီး ကျောင်းသားတစ်ယောက်၏အမည်ကို အရောက်မှာတော့ ပြန်ဖြေသံမလာ။"မိုရ်ရှင်းသန့် ၊ ကျောင်းသား မိုရ်ရှင်းသန့် ဒီမေးခွန်းရဲ့ အဖြေကို သိပါသလား.."
ကျောင်းသားအားလုံး ငြိမ်နေကာ အဖြေမရှိ။
"ကျောင်းသား မိုရ်ရှင်းသန့် မတ်တပ်ရပ်ပေးပါ"
အခန်းထဲကလူအားလုံးက ထိုင်နေလျက်။ ပါမောက္ခမျက်နှာက မဲမှောင်သွားပြီး
"အတန်းခေါင်းဆောင် ၊ မိုရ်ရှင်းသန့် ဘယ်မှာလဲ"အတန်းခေါင်းဆောင်က မျက်မှန်ပင့်တင်လိုက်ကာ
"ခုံအောက်မှာပါ"!
ပါမောက္ခတင်မက တစ်ခန်းလုံး စွံ့အသွားတော့သည်။ ပါမောက္ခက စိတ်ဆိုးသွားပြီး နာမည်စာရင်းစာအုပ်ကို လိပ်လိုက်ကာ အတန်းခေါင်းဆောင် ညွှန်ပြသော အတန်းနောက်ဆုံးက ခုံသို့ သွားလိုက်သည်။
မျက်မှန်ဝိုင်းဝိုင်းကြီးကြီးဟာ ပါးစပ်ထိပင် ရောက်နေပြီး သွားရည်များကျကာ စားပွဲခုံအောက် ကြမ်းပြင်ပေါ် ကောင်းကောင်းကြီး အိပ်နေပါသော ကောင်လေးတစ်ယောက်ဟာတော့ သူ့အနားကို ပါမောက္ခရောက်နေပြီဖြစ်ကြောင်း မသိစွာ တခူးခူးအိပ်နေဆဲ။
ပါမောက္ခမှာ စာအုပ်လိပ်ကို အိပ်ပျော်နေသူ ကျောင်းသားရဲ့ နားရွက်နား ကပ်ပြီး အော်ထည့်ပစ်လိုက်တော့သည်။