Chapter 1

1.1K 76 12
                                    

" Wonwoo အိပ်ယာထတော့ ကျောင်းသွားဖို့နောက်ကျနေပြီ ဒီလိုနဲ့အတန်းချိန်လွတ်မယ်နော် "

Choi Seungcheol တစ်ယောက် သူ့ညီWonwooကိုကျောင်းနောက်ကျမှာဆိုးသဖြင့်အိပ်ယာမှနှိုးနေသော်လည်း

" အာ အစ်ကိုကလည်း ခဏလေးပဲလေ နောက်ထပ်5မိနစ်လောက်ပဲ "

"အဲ့တာကြောင့် ညဘက်တွေကိုနောက်ကျတဲ့အထိ ဂိမ်းမဆော့ပါနဲ့မှာထားတာ ခုထတော့9နာရီထိုးနေပြီ မင်းအတန်းက10နာရီစမှာလေ"

" 9နာရီ! "

9နာရီထိုးနေပြီဆိုသော အသံကြားကြားချင်း Jeon Wonwoo အလန့်တကြားဖြစ်၍ အလျင်အမြန်ထကာ

"အစ်ကိုကလည်း စောစောလာနှိုးတာမဟုတ်ဘူး ခုနောက်ကျတော့မယ်"

"စောစောနှိုးနေတာကို ကိုယ့်ဘာသာမထပဲနဲ့"

ကုတင်ပေါ်ကနေပြေးဆင်းကာ ရေချိုးခန်းသို့အလျင်အမြန်ပြေးဝင်သွားသော သူ့ညီWonwooကို Seungcheolခေါင်းတခါခါဖြင့်သာ ကြည့်နေမိတော့သည်

ဟုတ်ပါတယ် သူတို့ကမျိုးရိုးမတူပေမယ့် အသက်7နှစ်သာကွာသောညီအစ်ကိုအရင်းများသာ
Seungcheolက‌ ဖေဖေရဲ့မျိုးရိုးဖြစ်တဲ့Choiမျိုးရိုးနာမည်ကိုယူထားပြီး Wonwooကတော့ မေမေရဲ့Jeonမျိုးရိုးနာမည်က သူ့နာမည်နဲ့ပိုလိုက်သည်ဟုဆိုကာ Jeon Wonwooဖြစ်နေချင်းပင်
လွန်ခဲ့တဲ့5နှစ် မိဘတွေဆုံးပါးသွားတည်းက ဖေဖေရဲ့Companyကိုဦးဆောင်ကာ ကျောင်းတစ်ဖက်အလုပ်တစ်ဖက်ဖြင့် သူ့ရဲ့တစ်ဦးတည်းသောညီလေးကိုစောင့်ရှောက်နေရသည်

" Wonwoo အစ်ကို အောက်ထပ်မှာမနက်စာပြင်ထားတယ် ပြင်ဆင်ပြီးရင်လာစားဦး"

ရေချိုးနေသော သူ့ရဲ့ညီလေးကိုမနက်စာစားစေရန် ကြား‌အောင်လှမ်းကာအော်ပြောလိုက်တော့သည်

ခဏအကြာ အိမ်ပေါ်မှအလျင်အမြန်ပြေးဆင်းလာသော Wonwooသည် Seungcheolဆီသို့သွားပြီး

"အစ်ကို ကျွန်တော်မနက်စာမစားတော့ဘူး နောက်ကျနေပြီမလို့ မြန်မြန်သွားရတော့မယ်"

"ဒါဆိုလည်း ပေါင်မုန့်လေးတော့စားသွား ခုအစ်ကိုလိုက်မပို့ပေးတော့ဘူးနော် ခဏနေကြ အစ်ကိုအသိညီလေးတစ်‌ယောက်ရောက်လာမှာမလို့"

The Man I LoveWhere stories live. Discover now