Chapter 9

578 63 8
                                    

"Wonu ကိုယ် အလုပ်ကိစ္စအပြီးသတ်စရာလေးရှိလို့ ညနေ လာမကြိုဖြစ်လောက်ဘူး အဲ့တာ Wonu တစ်ယောက်တည်းပြန်ဖို့ အဆင်ပြေရဲ့လား"

Mingyu သူ့ရဲ့ပြခန်းအတွက် လိုအပ်တာတွေစီစဉ်ထားစရာရှိတာမလို့ Wonwoo ကို ညနေဘက် ကျောင်းကိုလာမကြိုဖြစ်ကြောင်း ပြောပြလိုက်သည်

"ရပါတယ် ကိစ္စမရှိပါဘူး ပြီးတော့ ကျွန်တော်က ကလေးလည်းမဟုတ်တော့ဘူး အဲ့လောက်ကြီးစိတ်မပူလို့ရပါတယ်"

"ကလေးမဟုတ်တော့လို့ စိတ်ပူရတာပေါ့"

"ဒါဆို  Min သွားရင်သွားတော့လေ ကျွန်တော်လည်း ခဏနေအတန်းစတော့မှာဆိုတော့ သွားတော့မယ်"

"အင်း အဲ့တာဆို ကိုယ်‌ သွားတော့မယ် တစ်ခုခုဆိုဖုန်းဆက်လိုက်နော်"

"အင်း"

Mingyu မသွားခင် Wonwoo ရဲ့ နှုတ်ခမ်းလေးကို
ဖြတ်ခနဲငုံ့နမ်းလိုက်ကာ

"ချစ်တယ် Wonu ကိုယ် သွားပြီနော်"

"ကားကိုဂရုစိုက်မောင်းသွားနော်"

Wonwoo တစ်ယောက် ကျောင်းရှေ့ လူအများရှိတဲ့နေရာမှာ အနမ်းခံလိုက်ရတာကြောင့် ရှက်ရှက်နှင့် Mingyu ထွက်သွားတဲ့အထိမစောင့်တော့ပဲ အမြန်နှုတ်ဆက်ကာထွက်လာခဲ့လိုက်တော့သည်

သူနှင့် မလှမ်းမကမ်းနေရာမှာ သူ့သူငယ်ချင်းသုံးယောက်ကရှိနေပြီး ထိုမြင်ကွင်းကိုအစအဆုံးမြင်ကာ သူ့အား အံ့ဩတကြီးနှင့်သာကြည့်နေကြသည်

Wonwoo သူ့သူငယ်ချင်းများကိုမြင်တော့ သူတို့ရှိရာဆီသွားလိုက်ပြီး Soonyoung က Wonwooကိုကြည့်ရင်းပင်

"Jeonghan ငါခုနကမြင်ကွင်းကမှားပြီးမြင်မိတာလား"

"ငါလည်း မင်းနဲ့တူတူပဲထင်တယ်"

သူတို့နှစ်ယောက် မယုံနိုင်ဖြစ်နေကြသည်ကို Jihoonကနေပြီးတော့

"မင်းတို့နှစ်ယောက်မြင်တာမမှားဘူး ဒါနဲ့ Wonwoo မင်း နဲ့ အစ်ကို Mingyu ကတွဲနေကြပြီလား"

"အင်း ငါတို့နှစ်ယောက်တွဲနေကြပြီ"

Jihoon ရဲ့ အမေးစကားကို Wonwoo ရှက်ရှက်နှင့်ပင် လည်ပင်းကို လက်နှင့်ပွတ်ကာ ပြုံး၍ပြောလိုက်သည်

The Man I LoveWhere stories live. Discover now