"သွား စကားလာမပြောနဲ့ Kim Mingyu"
"မဟုတ်ဘူးလေ Wonuရဲ့ ကိုယ်ပြောတာလေးကိုနားထောင်ပေးပါဦး"
လှည့်ထွက်သွားဖို့လုပ်နေတဲ့ Wonwoo လက်လေးကိုလှမ်းဆွဲလိုက်တော့
"ဖယ် အသားကိုလည်းလာမထိနဲ့"
"မဟုတ်ဘူးလေ Wonu ရဲ့ အဲ့ကောင်မလေးကို ကိုယ်တကယ်မသိဘူး တကယ်ကိုမသိတာ စကားပြန်ပြောနေတယ်ဆိုတာက သူကလမ်းမသိလို့ လာမေးနေတာကြောင့်ဖြေပေးလိုက်တာ"
Mingyu တစ်ယောက် Wonwoo ကို ကျောင်းဆင်းချိန်လာကြိုကာ စောင့်နေတဲ့အချိန် ကောင်မလေးတစ်ယောက်က Mingyu ကိုလမ်းလာမေးတာကို Wonwoo အဝေးကနေလှမ်းမြင်ပြီး အထင်လွဲနေကာ စိတ်ဆိုးနေခြင်းဖြစ်သည်
အခုတော့ စိတ်ဆိုးနေတဲ့ ချစ်ရသူလေးကို စိတ်ဆိုးပြေအောင် Mingyu မနည်းချော့ကာပြောယူနေရသည်
"ဒါဆို ဘာလို့ပြုံးပြီးပြောနေရတာလဲ ပြုံးနေတာမှ သွား32ချောင်းလုံးမပေါ်ရုံတမယ်ပဲ"
"မဟုတ်ဘူးလေ အဲ့တာကမကောင်းတတ်လို့ပြုံးပြတာပါ အထင်မလွဲပါနဲ့နော်"
"သွား ဘာမှလာမပြောနဲ့ ဆင်ခြင်တွေမကြားချင်ဘူး"
"နောက်ခါ Wonu မကြိုက်ရင် ကိုယ် ဘယ်သူ့ကိုမှမပြုံးပြတော့ဘူးနော် ကိုယ့်ရဲ့ Wonuလေးတစ်ယောက်တည်းကိုပဲပြုံးပြမယ် ဟုတ်ပြီလား"
"သေချာတယ်နော်"
"သေချာတယ် ကိုယ် ကျိန်ဆိုကျိန်ပါ့မယ် တကယ်"
"ဟွန့် အဲ့တာဆို ပြီးရော"
စိတ်ဆိုးနေသော ချစ်ရသူလေးမှာ စိတ်ဆိုးပြေသွားကာ မျက်နှာထက်တွင် အပြုံးများပြန်ပေါ်လာတော့သည်
"လာပါဦး ကိုယ့်ရဲ့Wonuလေးကို ဖက်ထားချင်လို့"
လက်နှစ်ဖက်ကိုဆန့်တန်းလိုက်တော့ ရင်ခွင်ကျယ်ကြီးထဲဝင်ရောက်လာပြီး Mingyu ကိုပြန်လည်ဖက်တွယ်လာခဲ့သည်
ခဏကြာတော့ Wonwoo မှာ Mingyu ရင်ခွင်ထဲကနေ မျက်လုံးဝိုင်းလေးများနှင့် မော့ကြည့်လာခဲ့ပြီး
"Min ညနေစာကို ကြက်ဥထမင်းကြော်စားမလား လုပ်ကျွေးမယ်လေ"
ကြက်ဥထမင်းကြော်ဆိုသည့်အသံကြားတည်းက Mingyu မျက်လုံးထဲမှာ Wonwoo ရဲ့ စိမ်းနေသောအသီးအရွက်များနှင့်ငန်နေသော ကြက်ဥထမင်းကြော်ကိုပြန်လည်မြင်ယောင်လာခဲ့တော့သည်
YOU ARE READING
The Man I Love
RomanceWonwoo : ကျွန်တော့်ရဲ့အချစ်ဦးကသူပဲဖြစ်သလို နောက်ဆုံးအချစ်ကလည်းသူပဲ Mingyu : ကိုယ်လည်း ပထမဆုံးချစ်သူထားဖူးတာ ပထမဆုံးလူတစ်ယောက်ကိုအရမ်းသဘောကျမိတာ အဲ့တာကြောင့်မလို့ ကိုယ့်ကိုပစ်သွားဖို့စိတ်မကူးနဲ့နော်~