ဂျယ်ဂျူဒို ကို ခရီးသွားကြမယ့်နေ့ မနက်မှာတော့ ကလေး4ယောက်က ကင်မရာကိုယ်စီ လည်ပင်းမှာဆွဲပြီး ကားပေါ်သူတို့အားလုံးရဲ့အိတ်ကို ထည့်ပေးနေတဲ့ Seungcheol နဲ့ Mingyu ကိုစောင့်နေကြရင်း အထုပ်ပေါင်းများစွာနဲ့ Soonyoung ကို Jeonghan က
"Kwon Soonyoung မင်း တစ်နေရာကိုပြောင်းမှာမလို့လား ငါတို့သွားမှာ တစ်ညအိပ်ခရီးနော် တစ်လမဟုတ်ဘူး"
"ဒါတောင် သူမနက်မှထုပ်ပိုးလာတာ"
Jeonghan ရဲ့ အရွဲ့တိုက်တဲ့စကားကို Jihoon ကဖြေလိုက်ပြီးနောက် Soonyoungက
"အာ ငါကအကုန်လိုအပ်မယ်ထင်လို့ယူလာတာ"
ထိုစဉ် Mingyu နဲ့ Seungcheol က သဘောကျစွာရယ်လိုက်ရင်း Seungcheol ကနေပြီးတော့
"ဒါဆို အစ်ကိုတို့ သွားကြတော့မလား"
"ဟုတ်"
Seungcheol က ကားမောင်းရမှာမလို့ driverနေရာဝင်ထိုင်လိုက်ပြီးနောက် ရှေ့ခန်းမှာထိုင်ဖို့လုပ်နေတဲ့ Wonwooကို Jeonghanကလှမ်းတားလိုက်ပြီး
"Wonwoo နောက်မှာ မင်းအချစ်လေးနဲ့ တူတူသွားထိုင်
ရှေ့ခန်းကငါ့နေရာ ဟီး""မင်းဘာသာ သွားထိုင်ပါလား ငါရှေ့မှာထိုင်မှာပါနော်"
"မင်းကလည်း ငါကCheolနဲ့တူတူထိုင်ချင်လို့ဟာကို လုပ်ပါနော် နောက်မှာပဲသွားထိုင်လိုက်ပါ လိမ္မာပါတယ် ငါတို့ Wonwooလေးက"
"ပြီးရော"
Wonwoo လည်း အတင်းပူဆာနေတဲ့ သူ့သူငယ်ချင်းအလိုကျ ရှေ့ခန်းမှာမထိုင်တော့ပဲ နောက်မှာ Soonyoungနဲ့ Jihoon ကြားထိုင်ဖို့လုပ်ပေမယ့် Soonyoungကနေရာလုံးဝမဖယ်ပေးတာကြောင့် Mingyu ဘေးတွင်သာဝင်ထိုင်လိုက်ရတော့သည်
"အားလုံး အဆင်သင့်ဖြစ်ရင် ထွက်ကြမယ်နော်"
"ဟုတ်"
ကားစထွက်တာနှင့် Jeonghan က Seungcheolမပျင်းရအောင်ဘေးကနေ စကားပြောနေပေးကာ Wonwooကတော့ ဂိမ်းကိုသာထိုင်ဆော့နေလိုက်တော့သည်
"Wonu~ အိပ်ချင်လာရင် ကိုယ့်ပခုံးမှီနေလိုက်နော်"
"ရတယ် ကျွန်တော်အိပ်ပျော်မှာမဟုတ်ဘူး"
အိပ်ပျော်မှာမဟုတ်ဘူးပြောပြီး နာရီဝက်လောက်ကြာတော့ ဖုန်းကိုင်လျက်သားဖြင့် အိပ်ပျော်နေတဲ့ Wonwooကြောင့် Mingyuမှာ သဘောကျစွာပြုံးရယ်မိတော့သည် ကားအရှိန်ကြောင့် ယိမ်းထိုးနေတဲ့ Wonwooရဲ့ခေါင်းလေးကိုအသာအယာဆွဲယူကာ Mingyu သူ့ပခုံးပေါ်သို့မှီစေလိုပြီးနောက် Mingyuလည်း Wonwooနှင့်အတူ အိပ်စက်ခြင်းဆီသို့.....
YOU ARE READING
The Man I Love
RomanceWonwoo : ကျွန်တော့်ရဲ့အချစ်ဦးကသူပဲဖြစ်သလို နောက်ဆုံးအချစ်ကလည်းသူပဲ Mingyu : ကိုယ်လည်း ပထမဆုံးချစ်သူထားဖူးတာ ပထမဆုံးလူတစ်ယောက်ကိုအရမ်းသဘောကျမိတာ အဲ့တာကြောင့်မလို့ ကိုယ့်ကိုပစ်သွားဖို့စိတ်မကူးနဲ့နော်~