အိပ်ရေးမဝခြင်းပေါင်းများစွာနှင့် နိုးထလာသော Wonwoo တစ်ယောက် အိပ်ယာမှချက်ချင်းမထသေးပဲနေနေမိသည် ညကအဖြစ်အပျက်ကြောင့် တစ်ညလုံးတွေးမိပြီး အိပ်မရခဲ့
ယခုချိန် နေ့လည်လောက်မှ အိပ်ယာကနိုးလာသော်လည်း အတွေးများနှင့်နစ်မြောနေတဲ့အချိန် ဖုန်းမှ message notiသံကြောင့် အသိပြန်ဝင်လာခဲ့သည် Message ကိုကြည့်လိုက်တော့ သူတို့သူငယ်ချင်းများဖွဲ့ထားတဲ့ group chat ထဲတွင် Soonyoungကစာပို့ထားခြင်းဖြစ်သည်soonyoung_kwon : ငါတို့ Attacca Clubကိုပဲသွားကြမယ်နော် အားလုံးအဆင်ပြေတယ်မလား
jeonghaniyoo_n : အိုကေ ဘယ်ကိုဖြစ်ဖြစ်အဆင်ပြေတယ် ငါကပျော်လို့ရရင်ပြီးရော
jihoon_universe : Ok👌🏻
soonyoung_kwon : Wonwoo တစ်ယောက် ခုထိမနိုးသေးတာလား ဘာလဲ နိုးရင်လည်းစာလေးဘာလေးပြန်ပါဦးလို့
jeonhaniyoo_n : အာ မင်းကလည်း ခုချိန်ထိ သူရဲ့အချစ်လေးနဲ့အိပ်နေသေးတာလားမှမသိတာ ဟိဟိ
everyone_woo : မဟုတ်ဘူး နိုးနေပြီ ခုပဲနိုးနေပြီလို့!
Wonwoo သူ့သူငယ်ချင်းများရဲ့စာကြောင့် မြင်မြင်ချင်းသွေးတက်ရတော့သည် သူတို့တွေထပ်မစခင် အလျင်အမြန်စာပြန်လိုက်ရသည်
soonyoung_kwon : နိုးနေပြီဆိုလည်းပြီးရော ငါ Jihoon နဲ့ Jeonghan ကိုသွားခေါ်ပြီးတာနဲ့ မင်းကိုလာခေါ်မယ် အားလုံးပဲ 7နာရီကိုဆုံကြမှာပေမယ့် ဟိုကို7ခွဲလောက်အရောက်သွားကြမယ်နော် ကြိုတင်ပြင်ဆင်ထားကြ
ဖုန်းကနာရီကိုကြည့်လိုက်တော့ 1နာရီထိုးနှင့်နေပြီ ဖြစ်တာကြောင့် အိပ်ယာမှထကာ မျက်နှာသစ်ပြီး တစ်ခုခုစားဖို့ အိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့သည် အိမ်အောက်ထပ်သို့ရောက်တာနဲ့ ဧည့်ခန်းတွင်ထိုင်ကာ Laptopဖြင့် အလုပ်ထိုင်လုပ်နေသော Mingyu ကိုတွေ့လိုက်ရသည် အာရုံစိုက်ကာအလုပ်လုပ်နေသော Mingyuဟာ တစ်မျိုး ကြည့်ကောင်းနေလေသည် Wonwoo တစ်ယောက် Mingyu ကိုစိုက်ကြည့်မိနေရာမှ သတိပြန်ဝင်ပြီး အနှောက်အယှက်ဖြစ်မှာဆိုးတာကြောင့် ထမင်းစားခန်းသို့တိတ်တိတ်လေး သွားလိုက်ရာ ထိုအချိန်တွင် အာရုံစူးစိုက်ကာ အလုပ်လုပ်နေသော Mingyu ထံမှ
YOU ARE READING
The Man I Love
RomanceWonwoo : ကျွန်တော့်ရဲ့အချစ်ဦးကသူပဲဖြစ်သလို နောက်ဆုံးအချစ်ကလည်းသူပဲ Mingyu : ကိုယ်လည်း ပထမဆုံးချစ်သူထားဖူးတာ ပထမဆုံးလူတစ်ယောက်ကိုအရမ်းသဘောကျမိတာ အဲ့တာကြောင့်မလို့ ကိုယ့်ကိုပစ်သွားဖို့စိတ်မကူးနဲ့နော်~