"Wonu ကျောင်းသွားတော့မှာမလား ကိုယ်လိုက်ပို့ပေးမယ် ခဏစောင့်နော်"
"အင်း...ရတယ်လေ ကျွန်တော်စောင့်နေမယ်"
ဒီရက်ပိုင်းတွင်း Mingyuမှာ Wonwooကိုကျောင်းပို့ ကျောင်းကြိုတဲ့အလုပ်တစ်ခုကထပ်ရလာခဲ့သည် တခြားတော့မဟုတ် Mingyuကိုယ်တိုင်က အပို့အကြိုလုပ်ပေးမည်ဟု Wonwooကိုတောင်းဆိုခဲ့ခြင်းကြောင့်သာ
ကားနားရပ်စောင့်နေတဲ့Wonwooကိုမြင်တော့
"စောင့်ရတာကြာသွားလား"
"မကြာပါဘူး ပြီးတော့ ကျွန်တော့်အတန်းချိန်က နေ့လည်မှစမှာဆိုတော့အချိန်ရသေးတယ်"
Wonwooအတွက် ကားတံခါးကိုဆွဲဖွင့်ပေးလိုက်ကာ ကားထဲအရင်ဝင်ထိုင်စေလိုက်သည်
"အာ...ထိုင်ခုံခါးပတ်က ဘာလို့ဆွဲမရဖြစ်နေရတာလဲ"
Wonwoo ကားထိုင်ခုံခါးပတ်ကိုပတ်ရန်ပြင်တော့ ကားထိုင်ခုံခါးပတ်ကဆွဲလို့မရဖြစ်နေတာကြောင့်ညည်းညူမိတော့သည်
"ခဏ ကိုယ်လုပ်ပေးမယ်"
Mingyuထိုင်ခုံခါးပတ်ကိုဆွဲကာတပ်ပေးလိုက်တော့ နှစ်ယောက်သားမျက်နှာနီးကပ်ကာ အကြည့်ချင်းခဏအကြာဆုံသွားပြီး
"အဟမ်း ဒီလောက်ဆိုရပြီထင်တယ် ခင်ဗျား ကားစထွက်ရင်ထွက်တော့လေ"
ဒီလိုအခြေအနေကိုရှက်လာတာကြောင့် Wonwoo မျက်နှာအရင်လွှဲကာပြောလိုက်တော့သည် ဘာကြောင့်မှန်းမသိ ဒီလူနဲ့ဆိုရင် Wonwooမှာ အမြဲရင်ခုန်ရပြန်သည်
ထို့နောက် နှစ်ယောက်သား အိမ်မှထွက်ကာ ကျောင်းဆီသို့ဦးတည်လိုက်ကြတော့သည်
ကျောင်းရှေ့ရောက်တော့ Mingyuမှာ ကားပေါ်ကအရင်ဆင်းကာ Wonwooအတွက် ကားတံခါးဖွင့်ပေးလိုက်တော့သည်
"ညနေ ကိုယ်လာခေါ်မယ်နော် ကျောင်းရှေ့မှာပဲစောင့်နေ"
"ခင်ဗျားသာနောက်မကျစေနဲ့"
"ဟားး ဟုတ်ပါပြီ ကိုယ်နောက်မကျစေရပါဘူး"
Mingyu သူ့ရဲ့သွားစွယ်လေးများပေါ်တဲ့အထိရယ်လိုက်ရင်း Wonwooရဲ့ဆံပင်လေးများကိုဖွဖွလေးဆွဲဖွလိုက်သည်
YOU ARE READING
The Man I Love
RomanceWonwoo : ကျွန်တော့်ရဲ့အချစ်ဦးကသူပဲဖြစ်သလို နောက်ဆုံးအချစ်ကလည်းသူပဲ Mingyu : ကိုယ်လည်း ပထမဆုံးချစ်သူထားဖူးတာ ပထမဆုံးလူတစ်ယောက်ကိုအရမ်းသဘောကျမိတာ အဲ့တာကြောင့်မလို့ ကိုယ့်ကိုပစ်သွားဖို့စိတ်မကူးနဲ့နော်~