မနက်ခင်းအစကို ခေါင်းကိုက်ခြင်းနှင့် အိပ်ယာနိုးလာသော Wonwoo တစ်ယောက် အိပ်ယာမှလေးပင်စွာထလိုက်ကာ အခန်းထဲကနေထွက်လာခဲ့လိုက်တော့သည်
အခန်းထဲကအထွက် Soonyoungက သူ့ကိုမြင်တော့ ပြုံးစိစိနှင့်ကြည့်နေကာ
"မင်း မနေ့က"
စကားကိုတစ်ဝက်တစ်ပြတ်ပြောပြီး သူ့နှုတ်ခမ်းသူကိုင်လျက် ပြုံးစိစိထပ်လုပ်နေတဲ့ Soonyoungကြောင့် Wonwoo နားမလည်ခြင်းများစွာနှင့်
"ဟင်"
"ထားလိုက်တော့ သွားတော့ အားလုံးခေါက်ဆွဲစားနေကြတယ်"
ပြောချင်ရာပြောပြီး ပြုံးစိစိနှင့်ထွက်သွားတဲ့ Soonyoungကြောင့် Wonwoo သူ့ကိုယ်သူ စဉ်းစားရင်း မေးခွန်းများစွာနှင့် ထမင်းစားခန်းသို့သွားလိုက်တော့သည်
"အာ ငါမနေ့ကဘာလုပ်မိပါလဲ"
ထမင်းစားခန်းထဲရောက်တော့ Jeonghan က Wonwooအတွက် ပန်းကန်ယူပေးကာ ခေါက်ဆွဲထည့်ပေးပြီးနောက်
"Wonwoo နိုးပြီလား မနေ့ညကမှတ်မိလား"
Wonwoo တစ်ယောက် သူ့ဘေးမှာထိုင်နေတဲ့ Jihoon နားသို့ကပ်ကာ
"ငါ မနေ့ကအမှားလုပ်မိလို့လား"
"မမှတ်မိဘူးလား"
"အင်း ငါလုံးဝကိုပလပ်ကျွတ်သွားတာထင်တယ်"
"ဘယ်အထိမှတ်မိလဲ"
Jihoon ရဲ့ အမေးကို Wonwoo သေချာစဉ်းစားလိုက်ရင်း
"ငါလား သဘောကျတယ် ဂိမ်း"
"အပြင်ထွက်သွားတာကရော မမှတ်မိဘူးလား"
"အပြင်ကိုလား အပြင်မှာဘာလုပ်ခဲ့တာလဲ ငါဂိမ်းဆော့တာကိုပဲ နောက်ဆုံးမှတ်မိတာ နေပါဦး အခန်းထဲကို ဘယ်လိုပြန်ရောက်သွားတာလဲ"
Wonwoo ခေါက်ဆွဲစားရင်းနှင့်ပင် စဉ်းစားနေရတော့သည် အကုန်လုံးကလည်း သူ့ကိုတွေ့တာနှင့် မနေ့ညကကိစ္စကို ဘာလို့မေးနေမှန်းမသိ သူမနေ့ညကဘာတွေဖြစ်ခဲ့လဲ မမှတ်မိ
Jihoon နဲ့ Wonwoo စကားပြောနေတာကို စားပွဲခုံတစ်ဖက်ခြမ်းကနေ Mingyu ခေါက်ဆွဲစားရင်း နားထောင်နေမိသည်
YOU ARE READING
The Man I Love
RomanceWonwoo : ကျွန်တော့်ရဲ့အချစ်ဦးကသူပဲဖြစ်သလို နောက်ဆုံးအချစ်ကလည်းသူပဲ Mingyu : ကိုယ်လည်း ပထမဆုံးချစ်သူထားဖူးတာ ပထမဆုံးလူတစ်ယောက်ကိုအရမ်းသဘောကျမိတာ အဲ့တာကြောင့်မလို့ ကိုယ့်ကိုပစ်သွားဖို့စိတ်မကူးနဲ့နော်~