"အဲ့တုန်းက ဖျော်ဖြေနေတာက ကျွန်မမဟုတ်ပါဘူး ကျွန်မမောင်ပါ"
မဟုတ်ဘူး သူပြောပြလို့မဖြစ်ဘူး အဲ့နေ့က သူ့အစားယူဂျင်းဖျော်ဖြေခဲ့တယ်ဆိုတာ။ သူ့မောင်လေးကို ဒုက္ခရောက်ရင် လုပ်လို့မဖြစ်ဘူးလေ။ ဒီမင်းသားက တစ်ကယ့်လို့ သူ့မောင်လေးကိုသာ ကြိုက်ခဲ့မယ်ဆိုရင် လူတွေကြားမှာ အလှောင်ခံရလိမ့်မည် ဒီထက်ပိုဆိုးရင် သူ့အသက်ပါ....။ ဒါကြောင့်ထိုအမှန်တရားကို သူထုတ်ပြောလိမ့်မှာမဟုတ်။
မဟုတ်ရင် ယူဂျင်းနာကျင်ရလိမ့်မည်။"အော်...အရှင့်သား အဲ့တုန်းက ဖျော်ဖြေတာက ကျွန်မမဟုတ်ပါဘူး ဆောင်ကြာမြိုင်က စောင်းတီးတတ်တဲ့ မိန်းကလေးပါ"
ဂယူဘင်း ပိုစိတ်ညစ်သွားသည်။ စောင်းပညာရှင်တစ်ယောက်ဆိုတာတောင် သူ့မိဘတွေက အလွန်နိမ့်ကျတယ်ထင်နေမှာ ပြည့်တန်ဆာတစ်ယောက်သာဆို။ သူဘယ်လိုလုပ်ရမလဲ ထိုမိန်းကလေးကို သူ့နှလုံးသားထဲလဲ ထည့်ပြီးနေခဲ့ပြီ။ ဒါ့အပြင် သူမက သူ့ဘဝမှာ ပထမဆုံး ရင်ခုန်ခဲ့ဖူးတဲ့ အချစ်ဦး။
"အခု...အခုသူက ဘယ်မှာလဲ မိန်းကလေး"
"သူ...သူက ရွာကိုပြန်သွားပါပြီ သူ့အမေ နေမကောင်းလို့"
ဒီဘဝတော့ သူ့ရဲ့ အပြာရောင် လမင်းလေးနဲ့ ဝေးရတော့မယ်ဆိုတာ သူသိလိုက်သည်။ ဒါပေမယ့် နောက်ဘဝသာ ရှိခဲ့မယ်ဆိုရင်တော့ သူမနဲ့ ဖူးစာဆုံချင်မိသည်။
"မင်းပြန်လိုက်ပါ အခုလိုမျိုး ခေါ်တွေ့ရတာ စိတ်တော့မရှိပါနဲ့ ....ကိုယ်ရံတော်ဂူ မိန်းကလေးကိုလိုက်ပို့ပေးလိုက်ပါ ဘယ်သူမှမတွေ့စေနဲ့ သတိထားသွား"
"ဟုတ်ကဲ့ပါ မင်းသား"
တောင်းပန်ပါတယ် အရှင့်သား ကျွန်မ ဒီလိုလုပ်မှဖြစ်မှာ
မို့လို့ပါ။
___________________________"အထိန်းတော်ဟာ သူကဘယ်သူလဲ မင်းသားအဆောင်ဘက်က လာတာမလား"
"ဟုတ်ပါတယ်မယ်မယ် ဝတ်ရုံခြုံထားပုံထောက်ရင် မိန်းကလေးဖြစ်ဖို့များတယ်"
"အင်း....ကိုယ်ရံတော်ဂူကိုယ်တိုင်လိုက်ပို့ပြီး တိတ်တဆိတ်ပြန်သွားတာဆိုတော့ တစ်ခုခုဖုံးကွယ်ထားတာဖြစ်ရမယ်"

YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romance"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."