ဂယူ့အစီအစဉ်ကို ပြည်သူပြည်သားတွေ လက်ခံတာ ကျေးဇူးတင်ရမည်။ အခုဆို ဆန္ဒပြတဲ့သူတွေလဲ ကျေနပ်သွားကြပြီး မင်းသားလေးကိုတောင် ချီးကျူးနေကြသည်။ ဒါပေမယ့် ဂယူထင်ခဲ့တဲ့အတိုင်း အထက်တန်းလွှာတွေဘက်က မကျေနပ်သံတွေကြားရသည်။ ဒီအသံတွေက ခနနေ တိတ်သွားမယ်ဆိုတာ သူသိနေတာမို့ ဒါကို ပြဿနာတစ်ရပ်လို့တော့မသတ်မှတ်။
သူအပျော်ဆုံးကတော့ ယူဂျင်းနဲ့ ပြန်တွေ့ရတော့မှာကိုပဲ။ အခုအချိန်လောက်ဆို သူ့လမင်းလေး စိတ်ဆိုးနေလောက်ပြီလား။ ဒါပေမယ့် စိတ်ဆိုးသင့်လို့ စိတ်ဆိုးတာပဲလေ။ ကလေးလေး စိတ်ဆိုးနေရင်တောင် သူ့ဘက်က ချော့ဖို့အသင့်။
မကြာခင် သူ့ချစ်ရတဲ့ ကောင်လေးနဲ့တွေ့ရတော့မှာမို့ နန်းတော်မှ ထွက်ခွာလာခဲ့တဲ့ ခြေလှမ်းတွေက မြန်ဆန်နေခဲ့သည်။ ရင်ခုန်နေတဲ့ နှလုံးသားတစ်စုံဟာလည်း ခြေလှမ်းတွေထက် နောက်မကျခဲ့။
နောက်ဆုံးတော့ သူ ဆောင်ကြာမြိုင်ရှေ့ ရောက်လာခဲ့သည်။ အရင်ကအတိုင်း ယူဂျင်းကို သူချောင်းကြည့်နေကြ နေရာလေးကနေ ချောင်းကြည့်မိသည်။ ဒါပေမယ့် ကောင်လေးရဲ့ အရိပ်အယောင်တော့မတွေ့ရ။ ဒါနဲ့ပဲ အဆောင်နားမှာ ကစားနေတဲ့ ကလေးလေးတွေကိုပဲ ထုံးစံအတိုင်း အကူအညီတောင်းရတော့သည်။
"ဟေ့ ကောင်လေးတွေ အကို့ဆီ ခနလောက်"
ကစားနေတဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်က သူ့ဆီပြေးလာသည်။
"ညီလေး ဒီနေရာမှာနေတဲ့ ဟန်ယူဂျင်းဆိုတဲ့ကောင်လေးကိုသိလား"
"သိတယ်လေ ကိုကိုယူဂျင်း"
ဒီကလေးပေါက်ကများ သူ့ကလေးကို ကိုကိုတဲ့...လုပ်ပစ်ချင်စရာ ဟုစိတ်ထဲမှာ တွေးရင်း ဘာမဟုတ်တဲ့ ပိစိလေးနဲ့သွားသဝန်တိုနေမိသည်။
"အေး ဟုတ်တယ်။ ဒါဆို ကိုကိုယူဂျင်းကို သွားခေါ်ပေးပါလား...သူ့ကိုကို ရောက်နေတယ်လို့"
"ဟင် ကိုကိုယူဂျင်းမှာ ကိုကိုရှိသေးတာလား"
အစကတည်းကမှ စိတ်ကပေါက်နေရတဲ့အထဲ လာအမေးအမြန်းထူနေပြန်သည်။
"အေး ရှိတယ်ကွာ။ အဲ့ဒါကြောင့် သွားသာ ခေါ်ပေးစမ်းပါ"
"ကိုကိုယူဂျင်းက အများကြီးနေမကောင်းဖြစ်နေတာလေ။ ထလို့မရဘူး"
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romance"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."