"ဂယူ ဒီနေ့က ပွဲတော်နေ့လေ ပြီးတော့ မင်းလဲ အသက်ပြည့်ပြီပဲ တစ်ခါလောက်သွားရအောင်ပါကွာ"
ဂယူ့ကို ဆောင်ကြာမြိုင်သွားရန် သွေးဆောင်နေသူမှာ ကုန်သွယ်ရေးအမတ်ရဲ့ သားအငယ် သခင်လေး မင်ဆွန်းဖြစ်သည်။ ဂယူနှင့် ငယ်ငယ်ကတည်းက ကျောင်းတော်အတူတက်နေကြ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပြီး အပျော်အပါးလိုက်စားသူလဲဖြစ်သေးသည်။ ဂယူနှင့်သူက အကြိုက်မတူကြပေမယ့် ထိုသို့မတူတာကပဲ သူတို့နှစ်ယောက်ကို ရင်းနှီးသွားစေတဲ့ အကြောင်းအရင်း ဖြစ်ခဲ့ရသည်။
"မသွားဘူး မင်ဆွန်း ခမည်းတော်က ငါ့ကို နန်းတော်အပြင်မသွားခိုင်းဘူး မင်းဟာမင်းသွားပါကွာ"
သူခေါ်နေတာ ၁နာရီလောက်ရှိပြီ။ အခုချိန်ထိ အတင်းငြင်းလွှတ်နေသောကြောင့် သက်ပြင်းသာ အခါခါချမိတော့သည်။ စိတ်မရှည်တော့သဖြင့် လိုက်ရင်လိုက် မလိုက်ရင်နေဆိုပြီး နောက်ဆုံးတစ်ခေါက် ထပ်ခေါ်ပြန်သည်။
"ဂယူရာ ဒီတစ်ခါ မင်းလိုက်ခဲ့ရင် ငါနောက်ဘယ်တော့မှမင်းကို မခေါ်တော့ဘူး အတည် ပြီးတော့ ဒီတစ်ခါပဲလိုက်ခဲ့ နောက်မှ မင်းဟာမင်း နန်းတော်မှာပဲ အရိုးဆွေးအောင်နေကွာ မင်းမသိချင်ဘူးလား နန်းတော်ရဲ့ အပြင်မှာရှိတဲ့ ကမ္ဘာကြီးက ဘယ်လိုပုံစံဆိုတာ"
"နန်းတော်အပြင်..."
ဂယူက လက်ဖက်ရည်ပန်းကန်ကိုကိုင်နေလျက်နဲ့မှ တိုးတိုးရေရွတ်မိသည်။
ဂယူသိချင်ခဲ့တာပေါ့ ငယ်ငယ်တုန်းက။ မယ်တော့်ကိုလည်း မေးကြည့်ခဲ့ဖူးသည်။ မယ်တော်ပြောတာ နန်းတော်အပြင်ဆိုတာ ကြောက်စရာကောင်းတဲ့နေရာ မယ်တော်တို့နဲ့ သားတော်ကို ဝေးကွာသွားအောင်လုပ်မယ့်နေရာတဲ့။ ဂယူက ငယ်ငယ်ကတည်းက မယ်တော့်စကား တစ်ခွန်းဆို တစ်ခွန်းမို့ ထိုအယုံသွင်းစကားများကိုသာ နားထောင်ရင်း နေခဲ့ရသည်။ သို့သော် သူ့စိတ်ထဲမှာ အမြဲစွဲနေခဲ့သည့် မယ်တော်တို့နဲ့ ဝေးကွာရမယ် ဆိုတဲ့ စကား၏ အဓိပ္ပာယ်ကို လုံးဝနားမလည်ပေ။ ထို့ကြောင့် စူးစမ်းလိုသည် အပြင်လောကက ဘယ်လိုဆိုတာကိုပေါ့။
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romance"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."