နောက်နေ့တွေမှာ သူမင်ဆွန်းကိုမခေါ်တော့ဘဲ တစ်ယောက်တည်း နန်းတော်အပြင်ဘက်ကို ခိုးထွက်ဖြစ်ခဲ့သည်။ ပြီးတော့ ဆောင်ကြာမြိုင်အနောက်ဘက်က ခုံတန်းလေးမှာ သွားစောင့်ဖြစ်ခဲ့သည့် ညနေခင်းများ။ ဂယူ အဆောင်ခန်းလေးထဲကို ခေါင်းမျှော်ကြည့်နေမိသည်။ ယူဂျင်းများ ထွက်လာမလားဆိုတဲ့ အတွေးလေးနဲ့။ တစ်ခါတလေတော့ ကောင်လေးက ထွက်လာတတ်သည်။ ဒါပေမယ့် သူ ယူဂျင်းကို စကားပြောဖို့ကြိုးစားတိုင်း အမြဲရှောင်တာပဲ။ သူ့အစ်မက သူ့ကို ဒီလောက်တားနေမှတော့ ဘယ်လိုလုပ်ဂယူ့ကိုလာတွေ့ပါ့မလဲလေ။
"ယူဂျင်း..."
ဒီတစ်ခါတော့ ခပ်သွက်သွက်အပြင်သို့ထွက်လာသော ယူဂျင်းရဲ့ လက်ကို အမှီဆွဲဖမ်းထားလိုက်သည်။ ယူဂျင်းကလည်း တစ်ချက်တုန်သွားပြီး သူ့လက်ကို အတင်းတွဲဖြုတ်တော့သည်။
"အကို ကျွန်တော်ကို လိုက်မနှောင့်ယှက်ပါနဲ့။ ကျွန်တော့်မမစိတ်ဆိုးမှာ ကြောက်တယ်"
ဂယူသိသားပဲ။ ယူဂျင်း သူ့ကိုရှောင်နေတာ သူ့အစ်မကြောင့်ဆိုတာ။ ဒါပေမယ့် သူနားမလည်။ ဘာလို့သူနဲ့ယူဂျင်းကို မတွေ့ခိုင်းရတာလဲ။ သူက ဘုရင့်သားဖြစ်နေလို့လား။ ဘာပဲဖြစ်ဖြစ် သူနဲ့စကားပြောချင်ပုံမပေါ်သည့် ယူဂျင်းပုံစံကြောင့် လက်ကိုလွှတ်ပေးလိုက်သည်။ ယူဂျင်းက သွားဖို့လုပ်နေရင်း အမှာစကားလေးတစ်ခွန်းတော့ ပါးလိုက်သည်။
"မနက်ဖြန်ညနေ ၅နာရီ အကို့ကို တံတားပေါ်မှာ လာတွေ့ပါ။ ယူဂျင်းမလာမချင်း အကိုစောင့်နေမှာ။ တစ်ကယ်လို့ မနက်ဖြန် ယူဂျင်းမလာဘူးဆိုရင် အကိုနောက်ထပ် ဘယ်တော့မှ လာမတွေ့တော့ပါဘူး။ ကတိပေးတယ်"
ယူဂျင်းက သူ့ကို အနည်းငယ်ထိတ်သွားတဲ့ပုံနဲ့ မော့ကြည့်လာသည်။ သူ့အကြံအစည်က အဆင်ပြေပါ့မလား။ ဘာပဲဖြစ်ဖြစ် ဒါက ဂယူ့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ပဲ။ ယူဂျင်းဘက်ကသာ ဆန္ဒမရှိဘူးဆို သူထပ်ပြီးစောင့်နေတော့မှာမဟုတ်။
"ကျွန်တော် အရေးကြီးကိစ္စရှိလို့ သွားရဦးမယ် ဖယ်ပါ"
ယူဂျင်းက သူဒီလောက်ပြောနေတဲ့ကြားက သူ့ကို တစ်ချက်သာ ကြည့်ပြီး ထွက်သွားသည်။ ဂယူ သက်ပြင်းသာချနေရတော့သည်။
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romance"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."