"ဟန်ယူဂျင်း အဲ့မှာရပ်နေစမ်း!!"
မမရဲ့ အသံကျယ်ကျယ်ကို ကြားလိုက်ရတာနဲ့ ဆောင်ကြာမြိုင်ထဲသို့ ပျော်ရွှင်စွာ လျှောက်လှမ်းလာသော ခြေလှမ်းတို့ဟာ ရပ်တန့်သွားရသည်။
"မမ...ဘယ်လိုလုပ်"
"ငါသိနေတယ် ယူဂျင်းရဲ့။ နင်ငါ့စကားကို နားမထောင်ဘူးဆိုတာ"
"ဘယ်စကားကိုနားထောင်ရမှာလဲမမ။ ကိုကိုနဲ့သွားမပြောရဘူးဆိုတဲ့ စကားကိုလား။ ကျွန်တော် မေးပါရစေ မမဘာလို့ သူ့ကိုဒီလောက်တောင် မုန်းနေရတာလဲ"
ဘယ်ကနေရောက်လာမှန်းမသိတဲ့ သတ္တိတွေနဲ့ သူတစ်ခါမှ ပြန်မပြောရဲခဲ့တဲ့ မမကို ပြန်ပြောမိခဲ့ပြီ။ ကိုကိုနဲ့ သွားတွေ့တဲ့အချိန်တွေက မမ ဆောင်ကြာမြိုင်မှာဖျော်ဖြေနေတဲ့ အချိန်နဲ့ တိုက်နေတာမို့ မသိလောက်ဘူးထင်ခဲ့တာ။ တစ်ကယ်တော့ ဒီအတောအတွင်း မမက ရိပ်မိနေခဲ့တာပဲ။ တစ်နေ့ကျရင်တော့ သိသွားမယ်ဆိုတာ သိနေပြီးသားပါ။ ဒါကြောင့်လဲ အခု မမ မိသွားတော့ သိပ်မလန့်သွားခဲ့တာ။
"အခု နင်က သူ့ကျေးဇူးနဲ့ ငါ့ကိုတောင် ပြန်ပြောတတ်နေတာပေါ့။ ငါ့ပါးစပ်က ထုတ်မပြောဘူး။ တစ်နေ့ကျ နင်နောင်တရလိမ့်မယ်။ အတန်တန် ငါတားပြီးပြီ။ ငါ့စကားနားမထောင်ရင် နင်နာကျင်ရလိမ့်မယ်လို့"
မမရဲ့စကားတွေက ဘာကိုရည်ရွယ်နေမှန်း သူနားမလည်တော့ပါ။ သူက ကိုကို့ကို ချစ်မိလို့ ဘာကိုနာကျင်ရမှာလဲ။ အော်...ယောက်ျားလေးအချင်းချင်း သဘောကျမိလို့ ဝိုင်းပစ်ပယ်ကြမယ့် ပတ်ဝန်းကျင်ကြောင့်လား။ ဒါကြောင့်ဆိုရင်တော့ အစကတည်းက သူရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
သူ့ဘဝမှာ လူတစ်ယောက်ကိုပဲ နှစ်နှစ်ကာကာချစ်ခဲ့မိတာ။ အဲ့လူက ယောက်ျားလေးတစ်ယောက်ဖြစ်နေရင်တောင် သူမချစ်မိဖို့ ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး။ အဓိကကတော့ အဲ့လူက ကိုကိုဖြစ်နေလို့ပဲ။
ယူဂျင်း မျက်လုံးအစုံကိုမှိတ်ချမိပြီး ဦးနှောက်ထဲတွင် စီထားခဲ့ပြီးသော စကားလုံးများကို မမအားပြောလိုက်မိသည်။
"ကျွန်တော်နာကျင်ရမယ်ဆိုရင်တောင် နောက်ဆုတ်မှာမဟုတ်လို့ ထပ်မတားပါနဲ့တော့။ ကျွန်တော် မမကိုလည်း ချစ်ပေမယ့် ကိုကို့ကိုလည်း မမုန်းနိုင်ဘူး"
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romance"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."