"မနေ့က မင်းဘယ်ကိုခိုးထွက်သွားတာလဲ သားတော်"
မနက်စောစောစီးစီး မယ်တော်က ခေါ်တယ်ဆိုတာနဲ့ အမြန်သွားရာတွင် အဆောင်တော်ထဲမှာ မယ်မယ်နှင့် တရားရေးအမတ်တို့ကို တွေ့ရတာကြောင့် ဒီအချိန်ကြီး အမတ်မင်းနှင့် ဘာတွေဆွေးနွေးနေတာလဲ ဆိုတဲ့ အတွေးတော့ ဝင်လာသေးသည်။ သို့သော်လည်း မယ်တော်က အရေးမကြီးရင် မခေါ်တတ်တဲ့သူမို့ ခေါ်ရင်းအကြောင်းကိုသာ ပိုစိတ်ဝင်စားမိသည်။ သူဝင်လာသည်နှင့် အမတ်မင်းက အဆောင်တော်အတွင်းမှ ထွက်သွားပြီး မထွက်ခင်လည်း သူ့မျက်နှာအား စူးစိုက်ကြည့်၍ အရိုအသေပေးသွားသေးသည်။
ထို့နောက်မှ မယ်တော်မေးသော မေးခွန်းကြောင့် မနေ့က သူနန်းတော်အပြင်ထွက်သွားတာကို မယ်တော်သိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။
ဒါပေမယ့် မယ်တော့် မျက်နှာမှာတော့ အရမ်းစိတ်ဆိုးနေတဲ့ပုံမပေါက်တာကြောင့် အလိုက်သင့်ပဲ နေလိုက်တော့သည်။"မယ်တော် ဘယ်လိုသိသွားတာလဲ"
မယ်တော်က သူ့အားကြည့်ကာ သက်ပြင်းချလိုက်ပြီး
"သားတော် မင်းမရဲတင်းစမ်းနဲ့ မင်းခမည်းတော်သိသွားရင် ပြဿနာတက်မယ်ဆိုတာသိတယ်မလား မနေ့က မယ်တော် မင်းဆီလာသေးလို့ပေါ့ တော်တော်လည်နေတယ်ဟုတ်လား ကိုယ်ရံတော်ဂူကိုတောင် မင်းအစားထားခဲ့သေးတယ်"
အခုမှတော့ သူငြင်းလို့လဲမရတော့တဲ့အခြေအနေမို့ အမှန်အတိုင်းသာ ဝန်ခံလိုက်တော့သည်။ ထို့အပြင် သူမြိုသိပ်ထားသည်များကိုလည်း ဖွင့်ဟပြောမိသေးသည်။
"တောင်းပန်ပါတယ်မယ်တော် ဒါပေမယ့် ကျွန်တော် တစ်ခါလောက်ပဲ သွားကြည့်ချင်လို့ပါ ကျွန်တော့်ကို မယ်တော်ဖုံးကွယ်ထားတဲ့ လောကကြီးက ဘယ်လိုပုံစံမျိုးလဲဆိုတာ"
"မင်း အခုသွားလိုက်တော့ ဘာတွေသိသွားလဲ အရမ်းပျော်စရာကောင်းသွားရောလား"
အရင်တုန်းကဆို မယ်တော်ပြောတာတွေကို ဟုတ်သည်ရှိ မဟုတ်သည်ရှိ နားထောင်ခဲ့တဲ့သူက အခုကျမှ ဘာလို့ တစ်ခွန်းမကျန် ခံပြောမိနေတာလဲဆိုတာ သူ့ကိုယ်ကို ပြန်မေးမိသည်။ သူဘာကို ငြင်းဆန်ချင်နေတာလဲ။
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romansa"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."