Part 6 [unforgettable moment of you]

162 26 5
                                    

"အရမ်းတွေ့ချင်နေခဲ့တာ ကိုယ့်ရဲ့လမင်းလေး"

တင်းကျပ်စွာဖက်ထားသော ဂယူ့ကို ယူဂျင်းက ဆက်တွန်းမထုတ်တော့ဘဲ ငြိမ်နေလေသည်။ ယူဂျင်းက လမင်းလေးဆိုတဲ့ အဖြစ်မှန်က သူ့ကို ထိတ်လန့်သွားစေတာ မှန်ပေမယ့် သူ့ရင်ထဲမှာ လောလောဆယ်ရှိနေတဲ့ လူနှစ်ယောက်က တစ်ယောက်တည်းပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားသူ ကျေးဇူးတင်မိသည်။ သူကတော့အရူးလိုပဲ ချစ်ရတဲ့လူကို ရှေ့မှာထားပြီး တစ်ခြားတစ်ယောက်ကို စောင့်နေခဲ့မိတာ။

"အကို...ကျွန်တော့်ကိုပြောပါဦး။ အကိုပြောတာတွေကျွန်တော်နားမလည်တော့ဘူး"

"ယူဂျင်း အကိုအားလုံးပြောပြမယ်။ သေချာနားထောင်နော်။ ယူဂျင်းက အကိုလိုက်ရှာနေတဲ့ လမင်းလေးပဲ"

ဂယူ့ရဲ့ လက်ဖဝါးကြီးကြီးနှစ်ဖက်နဲ့ ယူဂျင်းရဲ့ မျက်နှာသေးသေးလေးကို ဆုပ်ကိုင်လိုက်ချိန်မှာ ကောင်လေးက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စိုက်ကြည့်နေသည်။ တစ်ကယ်ကို သူ့ကို စွဲလမ်းစေခဲ့တဲ့ မျက်ဝန်းလေးပဲ။

"အကို ဘာပြောတာလဲ။ ကျွန်တော်က ကျွန်တော်လေ။ ဘာလို့ အကို့လမင်းလေးလဲ"

ဂယူပြုံးလိုက်မိတဲ့ အကြောင်းအရင်းလေးဖြစ်တဲ့ ယူဂျင်း။ ဒီကောင်လေး အခုထိ သူပြောတာနားမလည်သေးဘူးပဲ။

"အကို ကောက်သစ်စားပွဲတော်နေ့တုန်းက ဆောင်ကြာမြိုင်ကို လာခဲ့တယ်။ အဲ့နေ့က ချောချောလှလှမိန်းကလေးတွေကြားထဲမှာ အကို့ကို သတိထားမိစေတာက အဆောင်ရဲ့ ထောင့်နားလေးမှာ ရိုးရာစောင်းတီးနေတဲ့ မိန်းကလေး။ အကို အဲ့မိန်းကလေးရဲ့ မျက်လုံးနက်ပြာရောင်လေးနဲ့ မျက်လုံးချင်းဆုံမိမိချင်း ချစ်ကျွမ်းဝင်သွားမိတယ်။ အခုလိုမျိုးပဲ"

ဂယူက ယူဂျင်းရဲ့ မျက်နှာကို သူနဲ့အနီးဆုံးသို့ နီးကပ်စေသည်။ ယူဂျင်းကလည်း သူ့ကို မယုံနိုင်သောအကြည့်များနှင့် ပြန်ကြည့်နေခဲ့သည်။

"ဒါဆို အကိုပြောတာ အဲ့တာ ကျွန်တော့်ကိုပြောတာပေါ့"

"အင်း ဒါပေါ့ ကိုယ့်လမင်းလေးရယ်"

𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]Where stories live. Discover now