"အဲ့ဒါဆို မင်းက ဆောလေးရဲ့မောင်လား"
"ဟုတ်တယ်လေ ဒါနဲ့ကျွန်တော့်အမကို သိတာလား"
"သိတာပေါ့ မင်းအစ်မက နာမည်ကြီးတာကို"
ယူဂျင်းက ပြုံးပြုံးလေး ကြည့်လာသည်။ သူ့အစ်မကို နာမည်ကြီးတယ်လို့ ချီးမွမ်းလိုက်လို့ ပျော်သွားတဲ့အပျော်မျိုးနဲ့။ ဒီကောင်လေးက အစ်မကို တော်တော်ချစ်ပုံရသည်။
"ဒါနဲ့ အကို့နာမည်ကရော ပြီးတော့ ဘယ်အိမ်တော်မှာ အလုပ်လုပ်တာလဲ"
အခုမှ ဂယူဒုက္ခရောက်လေပြီ။ ဒီမေးခွန်းကို ဖြေဖို့ သူကြိုမစဥ်းစားရသေးဘူးလေ။ နောက်တော့မှ မင်ဆွန်းကိုသတိရသွားပြီး သူ့အိမ်တော်ကိုသာ အစားဌားသုံးလိုက်ရတော့သည်။
"ဟို...ကုန်သွယ်ရေးအမတ်ရဲ့အိမ်တော်"
ယူဂျင်းရဲ့ မျက်ဝန်းလေးတွေ လက်သွားပြီး
"အဲ့အိမ်တော်ကလား ကျွန်တော်အရမ်းအားကျတာ ကုန်သွယ်ရေးအမတ်ရဲ့သားကိုလေ သူက အရမ်းတော်တာဆို ဟုတ်လား အကို"
ဂယူရယ်မိသွားသည်။ ဒီကောင်လေးက တော်တော်ရိုးသားပြီး ချစ်ဖို့ကောင်းတာပဲ။ ပြီးတော့ သူ့မျက်လုံးလေးတွေကလဲ အရမ်းလှသည်။ သူ့အချစ်ဦးမိန်းကလေးလိုပဲ သူ့ကိုဆွဲဆောင်နေတဲ့မျက်ဝန်းလေးတွေနဲ့။ တစ်ခါတလေကျ ထိုမိန်းကလေးလို့တောင် ထင်ယောင်ထင်မှားဖြစ်မိသည်။ ဒါပေမယ့်လည်း တူတာပဲနေမှာပါ ဆိုပြီးတော့ပဲ စိတ်ကိုအသိပေးထားသည်။
"မင်း ခုနက ငါ့ဘေးမှာပါလာတာ ဘယ်သူလဲမသိဘူးလား"
ယူဂျင်းက နောက်သို့အနည်းငယ်ဆုတ်၍ မျက်ခုံးနှစ်ဖက်ကို ကျုံ့လိုက်ပြီး
"မဟုတ်မှလွဲရော..."
ထိုပုံစံလေးကြောင့် သူပိုရယ်မိသည်။ အရမ်းချစ်ဖို့ကောင်းပြီး ယုန်ကလေးကျနေတာပဲ။ မိန်းကလေးသာဆို သူ့ကိုတမ်းတမ်းစွဲသွားစေလောက်သည်။
"မင်းမသိဘူးလား တစ်ခါမှမမြင်ဖူးဘူးလား အားကျတယ်ဆိုပြီး"
ထိုအကောင်ပေါက်က နှုတ်ခမ်းဆူ၍
"မမြင်ဖူးဘူးလေ ကြားပဲကြားဖူးတာ အရမ်းတော်တယ်ဆိုပြီး"
"မင်းက သူများစကားအလွယ်ယုံတာပဲ"
YOU ARE READING
𝙼𝚎𝚕𝚘𝚍𝚢 𝚘𝚏 𝙻𝚘𝚟𝚎 [𝙶𝚢𝚞𝚓𝚒𝚗]
Romance"ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကစ မင်းဆိုတဲ့ လမင်းငယ်လေးကို ကိုယ့်ရဲ့နှလုံးသားကို ကြည်ဖြူစွာပေးအပ်ပြီးသားပါ ယူဂျင်းရယ်" "ဒါပေမယ့်...."