ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်နေပီး ည၁၀နာရီကျော်လောက် လူတစ်ယောက် အနောက်ကိုကြည့်လိုက် အရှေ့ကိုပြေးလိုက်ဖစ်နေ၍ သူ၏လက်မောင်းမှ သွေးများကလဲ ဆီးကျနေလေသည် သူ၏ မျက်နှာမှာအလွန့်အလွန် ခက်ထန်နေသည် ဘောင်းဘီအနက်နဲ့ အင်္ကျီတီရှပ်အနက်ရောင်ကို ကြယ်သီး သုံးလုံးခန့်ဖြုတ်ထားသည် ဖြူဖွေးလာသော အသားအရည်မှာ ဒေါသများကြောင့် နီရဲနေသည် မျက်လုံးမှာသည်လဲ နာကျည်းချက်တွေကြောင့် မျက်ရည်များ ပြည့်လျှံလျက်
သွေးတွေကျနေသော ဘယ်ဘက်လက်မောင်းကို ညဘက်လက်ဖြင့် အုပ်လျက် အမြန်ပြေးနေရသည်အနောက်မှ လိုက်လာတဲ့သူများကလဲ သူ့ကို အလွှတ်ပေးမည် မဟုတ်
အနောက်မှ သေနတ်ကိုယ်စီဖြင့် လူ၅ယောက်ခန့်
"လိုက် လိုက်ကျ မိအောင် ဖမ်းရမယ် အဲဒီကောင်ကို မိလို့ကတော့ကွာ ...သတ်ပစ်မယ် တော်တော်ဒုက္ခပေးတဲ့ကောင်ကွာ"ထိုလူ၅ယောက်ထဲမှ တစ်ယောက်မှ ဒေါသကြီးစွာ ပြောဆိုလိုက်သည်
"အရှေ့မှာကွ လိုက်ကျစမ်း
တွေ့ရင် ပစ်သတ်ပစ်ကွာ ရူပ်တယ် "တောက်!!ဒီလူမှာ အလွန်ဒေါသကြီးနေသည်
သူပြေးနေရင်းမှ အနာအရှိန်ကြောင့် ဖြူဖွေးနေသော မျက်နှာမှာ သွေးမရှိတော့ နှုတ်ခမ်းများမှာပဲ ဖြူရော့နေခဲ့ပီ သူဆက်မပြေးနိုင်တော့ဘူး
"ငါအမိခံလို့မဖစ်ဘူး အားး
ငါကလဲ့စား ချေရအုံးမာ ငါ့မိသားစုအတွက်!! အား"အရမ်းနာလာသော လက်မောင်းကို ဒဏ်ရာကို ဖိလျက်
အရှေ့တည့်တည့်ကိုသာ ပြေးနေ၍ ပြေးနေသည့်နေရာသည်လဲ ဘယ်ဆီမှန်းမသိ
အားးး!!အော်သံကြားလိုက်လား ကြားတဲ့ဘက်ကို လိုက်ကျစမ်း
ထိုလူ၅ယောက်မှ ထိုနေရာမှ အော်သံရှိရာ နေရာသို့ ပြေးလိုက်သွားသည်