ep 7🐒

1.4K 51 2
                                    

ဒီနေ့နဲ့ဆို ဆောင်းကဲ့ပျောက်သည်မှာ ၂ရက်ရှိပီဖစ်သည် ဘာသတင်း အစအနမှလဲ ရှာမတွေ့ပါ နွေလွန်း ရွာအနှံ့ ဘေးရွာတွေထိ ရှာသော်လဲ သူ့၏ ညီလေးကို မတွေ့ရှာဘူးမိဘများကလဲ ဆောင်းကဲ့ စိတ်ကြောင့် စိတ်သောက ရောက်နေကျသည် ဂုဏ် နွေလွန်းတို့မိသားစုကို ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိ
အဘကတော့ သူကြီးတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ရှာပေးမယ်လို့ ပြောထားသည်

အခုလဲ ခေတ်နဲ့ ဂုဏ် နေလွန်းအိမ်သို့ ခြေဦးတည်လာသည် လမ်း၌

"ကိုကို ဆောင်းကဲ့ ဘယ်ရောက်သွားတာလဲဟင်"

"ကိုယ် မပြောတတ်ဘူး ကောင်လေး"

"နွေလွန်း အဲကောင် သူ့ညီကို အရမ်းစိတ်ပူနေတာ"

"အင် ကိုယ်သိတယ်"

"ကျတော်လဲ စိတ်ပူတယ် ဆောင်းကဲ့က
လူရိုးလူအေးတစ်ယောက်လေ လယ်တဲကနေ ပျောက်သွားတာဆိုတော့ ဘယ်ရောက်သွားတာ ဖစ်နိုင်လဲဟင် ကိုကို"

"ကိုယ်မသိဘူးလေ ကောင်လေးရဲ့
ကောင်လေးတို့ရွာပဲ ကိုယ်ဘယ်လိုသိမလဲ"

"ကိုကို"

ဂုဏ် သွားလက်စ ခြေလှမ်းတွေ ရပ်လိုက်ပီး ကို့ကိုရှေ့တည့်တည့်မှာ ရပ်လိုက်သည်

"ဗျာ ပြောလေ ကောင်လေး"

"ဆောင်းကဲ့လို ကျတော်သာ အဲလို ဘယ်သူမှမသိပဲ ပျောက်သွားရင် ဘယ်လိုလုပ်မလဲဟင်
ကိုကိုရော စိတ်ပူမှာလား"

ခေတ် ဂုဏ်ကို သေချာ စိုက်ကြည့်ပီးး
ကို့ကို အကြည့်တွေက စူးသည် လေးနက်သည် လျိုဝှက်သည် အတိအကျမရှိသလိုပဲ

"ကောင်လေးကို အဲလို အဖစ်မခံဘူး
အဲစကားက ရိုးရိုးပြောတာမဟုတ်ဘူး ကိုယ့်အမိန့် ကောင်လေးလဲ အဲလိုဖစ်ခွင့်မရှိဘူး ကိုယ်လဲ အဖစ်မခံဘူး"

"ဝါးး ကိုကို ရိုတတ်လိုက်တာ"

ခေတ် ပြုံးလိုက်ပီး ဂုဏ် ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည် ဂုဏ် ခေတ်ကို စိုက်ကြည့်နေသလို ခေတ်ကလဲ သူအရှေ့က ကောင်လေးကို မျက်တောင်မခတ်တိုင်း စိုက်ကြည့်နေသည်

မာဖီးယားယောကျာ်း သူကြီးသားWhere stories live. Discover now