ပစ္စည်းပို့ သွားရမဲ့ နယ်ဘက်က ကောင်လေးတို့ ရွာနားပဲ ကောင်လေးကို တွေ့ချင်သည် အမြဲပျော်နေတတ်တဲ့ ကောင်လေးကို သူလွမ်းသည် ကိုယ်အရမ်းသဘောကျတဲ့ လက်ပံပင်အောက်လေးမှာ ကောင်လေးရှိနေပါ့မလား
ခေတ် လေးအိမ်စုဆိုတဲ့ ရွာလေးကို ရောက်ရောက်ချင်း သွားမိတဲ့နေရာလေးက လက်ပံပင်ကြီးဆီတော့ လက်ပံပင်ဆီရောက်တော့ ဂုဏ်ကြီးရှင်ဆိုတဲ့ သူကြီးသားလေးက မှိုင်နေတာပဲ ငိုချတော့မဲ့ခလေးတစ်ယောက်လိုပါပဲလား ကောင်လေးလို့ခေါ်ပီး ခေတ် ပုန်းနေလိုက်သည် အမလေး ထိုသူကြီးသားမှာ မျက်ရည်တွေဝဲပီး ကိုယ့်ကို ရှာနေသည်လေ
လက်ပံပင်အော်ရှိ သူကြီးသားလေးရှိရာသို့ ကိုယ်ထွက်လာခဲ့သည်
"ကောင်လေး"
ခေါင်းလေးမော့လာသော သူကြီးသားလေး
"ဟင် ကိုကို"
ဂုဏ်မထင်ထားမိဘူးလေ ကိုကို ဂုဏ်ဆီ ပြန်လာမယ်လို့ ဟမ် ငါအိမ်မက် မက်နေတာလား
ဂုဏ် ခေတ်ကို စိုက်ကြည့်နေမိသည် ဒီနေ့ ကိုကိုက ပုဆိုးလေးပဲ ဝတ်ထားတာဗျ အကွက်စိတ် နီညိုရောင်လေးနဲ့ ရှပ်အင်္ကျီကလဲ နီညိုရောင်လေးနဲ့ ဆံပင် အုပ်အုပ်လေးကို သေချာလေး ဖီးထားတယ် ကျူပ်ကို ရီပြနေသေးတယ် ကျူပ်သဘောကျတဲ့ သတက်တွေနဲ့ မျက်လုံးနက်နက်တွေနဲ့
"ကောင်လေး ကိုယ်ပါ
ဘာလို့ အဲလောက်စိုက်ကြည့်နေရတာလဲကွ""ကျူပ် အဲ ကျတော်
အိမ်မက် မက်နေတာလားလို့ပါ ကျတော်ဆီ ကိုကို ပြန်မလာတော့ဘူးထင်လို့"စကားလေးပြောပီး ခေါင်းငိုက်စိုက်ကျသွားတဲ့ ထိုကောင်လေး
ခေတ် ဂုဏ်ဆံပင်လေးတွေ ဖွလိုက်ပီး
"ကိုယ်ပြန်လာခဲ့မယ်လို့ ပြောထားတယ်လေ ကိုယ့်ကို စကားမတည်တဲ့လူလို့ ကောင်လေးက ထင်လို့လား ပြောပါအုံး ကိုယ့်ကို"
"ဟင့်အင်း
အဲလိုတော့မထင်ပင်မဲ့ ကျတော်က ဘာမှမဟုတ်တဲ့ သူကြီးသားလေးဗျ
ကိုကိုက သတိတောင်ရ ရပါ့မလားလို့"
![](https://img.wattpad.com/cover/368978200-288-k743484.jpg)