ep 2🐒

2.7K 105 5
                                    

"အဘ ဒီလူချောချောလေးက ၂ရက် ရှိနေပီ အိပ်နေတာနိုးလဲ နိုးမလာသေးဘူး"

ထိုလူချော၏ဘေးတွင် မုဆိုးမထိုင်ထိုင်ရင်း ချောလွန်းသော သူကို တစိမ့်စိမ့်ကြည့်ကာ ဂုဏ်ပြောလိုက်သည်

"နိုးလာမှာပေါ့ ငါ့သားရာ ဆေးတွေလဲ ရသလို တိုက်ထားတာပဲကွ"

ဦးဂုဏ်ရှင် စိတ်လေသည် ဘယ်သူဘယ်ဝါမှန်း မသိ အိမ်ကြီး ခေါ်လာပီး သတိမရတဲ့သူကို ဘေးမှာ ငုတ်တုပ်ကြီးထိုင်လို့ တစိမ့်စိမ့်နဲ့ထိုင်ကြည့်နေပြန်တယ် သေနတ်ဒဏ်ရာတဲ့ လူဆိုးပဲနေမှာပေါ့ ငါ့သားငါမနိုင်လို့သာ ကြည့်နေရတယ် ဟူးး

"ငါ့သား"

"ဗျာ

ထိုလူသားကို ကြည့်ရင်း ဂုဏ်ထူးလိုက်သည်

လူဆိုးထင်တယ်နော် သေနတ်ဒဏ်ရာတဲ့ ဘယ်သူမှန်းလဲမသိဘူး သားရဲ့ အဲဒါပီး ဓါးမြတွေသောင်းကျန်းနေတာလဲ ငါ့သားအသိပဲလေကွယ် ဘာလို့ တစိမ့်စိမ့်ကြီး ကြည့်နေရတာတုန်း

သူကြီးဖစ်သူမှာ စိတ်ပူလွန်းတာကြောင့် ဂုဏ်ဘေးမှာ ထိုင်ပီး ပြောသည်

ဂုဏ်ခနတွေးနေပီးမှ


"အဘရယ် စိတ်မပူပါနဲ့ ဒီလောက်ချောမောချစ်ဖို့ကောင်းနေတာ လူဆိုးမဖစ်လောက်ပါဘူး ဓါးမြရုပ်လဲမဟုတ်ပါဘူး"

"မင်းနှယ် ရုပ်ချောတာနဲ့ပဲ လူဆိုးမဟုတ်ရဘူးလား ဘယ်ကမှန်းမသိဘူးလေ သတိရလာရင်တော့ မြန်မြန်ပြန်ခိုင်းရမယ်"

"အဘကလဲဗျာ မပြန်ခိုင်းပါဘူး ကျူပ်လုပ်ကျွေးပီး အိမ်ဦးခန်းတင်ထားမလို့ပါဆိုဗျာ ကျူပ်က တွေးထားပီးသားအဘရဲ့ အိမ်ဦးခန်းက အဘဓါတ်ပုံ ဖြုတ်ပီးတော့ ဒီလူချောချောပုံ ပြောင်းထားရမလားလို့ ကျူပ်တွေးနေတာ... အဲဒါဆို ကောင်းလား အဘ"

"အေ..  ဘာ မိမဆုံးမ မိမဆုံးမသား ငါလိုက်လုပ်ရမကောင်းရှိတော့မှာ ..ငါပါ အိမ်ပေါ်က ဆင်းပေးရအုံးမလားဟမ်"

မာဖီးယားယောကျာ်း သူကြီးသားWhere stories live. Discover now