"ဘာလို့
ဒီကောင်လေး ခုထိ သတိမရသေးတာလဲ""အရမ်းအားနည်းနေလို့ပါခဗျ
ဆေးထိုးပေးခဲ့ပါတယ် ဆေးအရှိန်နဲ့ မှေးနေတာပါ ဒီခလေး အစာအာဟာရ ပိုစားဖို့ လိုအပ်ပါတယ်""ရပီ
မြဒင် ဒေါက်တာကို လိုက်ပို့လိုက်""ဟုတ်Boss "
ဒေါက်တာ ဒီဘက်ကြွပါဗျ"!!တောက်
"ဟာကွာ ခေတ်ရေ မင်းဘယ်ရောက်နေတာလဲ ဘာတွေလုပ်နေတာလဲကွာ ဒီကောင်နဲ့ရော ဘာလို့ ဆင်တူအင်္ကျီဝတ်ထားရတာလဲ ခေတ်နဲ့ မင်းသာ ပက်သတ်မှုရှိရင် မင်းကိုအလွှတ်မပေးဘူး "ခုတင်ပေါ်က ကောင်လေးကတော့ ဘာမှမသိ
"ဟင်း ဟင့်
အမေ သားကိုကယ်ပါ သားကြောက်တယ်
ဟင့် သူတို့ သူတို့ သားကို သတ်ကျမှာ ဟင့်""ဒီကောင်
ဘာတွေအော်နေတာလဲ"ဆိုပီး ဦးသမိုင်းခါး ထိုကောင်လေးအိပ်နေသော ခုတင်ဘေး ထိုင်လိုက်သည်
"ဟင့် အမေကယ်ပါ သားကို ကယ်ပါ သားကြောက်တယ် ဟင့် ဟင့်"
သမိုင်းခါး သူ့လက်ကိုဆွဲပီး အမေကယ်ပါ အော်နေသော ကောင်လေးအား ဘာမှပြန်မပြောမိသလို လက်ကိုလဲ ပြန်ဆွဲထားတာကိုလဲ မရုံးမိ
ငါ့ဘဝမှာ သနားစိတ် ပထမဆုံးဝင်မိတာပဲ သနားပင်မဲ့ ခေတ်နဲ့ပက်သတ်ရင်တော့ မင်းသေသင့်တယ်
"ဟင့် ဟင့်"
မျက်လုံးသာမဖွင့်တာ ဒီကောင်လေးငိုနေသည် ရှိုက်နေသည်
----------
"ချန်းလရောင်"
"ခေတ်
ငါ့ကို ဘာလို့အရေးတကြီးခေါ်တာလဲ"ရွာထိပ်က ရေကန်နားမှာ ခေတ် ချန်းအလာကို ကြာပန်းတွေကြည့်ရင်း စောင့်နေသည်
"ဆောင်းကဲ့မြိုင်ပျောက်နေတယ်"
!!ဘာ
"ဘယ်လို"