"ခေတ် ကို မင်းတို့ မတွေ့ကျသေးဘူးလား"
"ဟုတ်ကဲ့ Boss ရှာနေပါတယ်"
"ဘယ်ချိန်မှ တွေ့မှာလဲ ရက်အတိအကျပြော"
"ဒီရက်တွေအတွင်း တွေ့အောင်ရှာပါ့မယ် Boss"
"ငါစိတ်မရှည်တော့ဘူး
ဒီ၃ရက်အတွင်း ခေတ်ကို တွေ့အောင်ရှာ မတွေ့ရင် မင်းတို့ အသက်ဆက်ရှင်စရာမလိုတော့ဘူး""ဟုတ်ကဲ့ Boss"
ထိုလူ၅ယောက် ထွက်သွားသည်
"ကို မင်းကို တွေ့ချင်နေပီ ကို့နားမှာထားချင်တယ်ကွာ မင်းကို ကိုပဲပိုင်ရမယ်"
အရမ်းစမက်ကျလွန်းသော ထိုလူက ဦးသမိုင်းခါး တဖန်ပြောရရင် ခေတ်နှောင်းကို ပိုင်ဆိုင်လိုစိတ်ပြင်းပြနေသူ ရက်စက်တယ် လူတစ်ယောက်ကို ငှက်တစ်ကောင် ကြက်တစ်ကောင်လို သဘောထားပီး သတ်ဖျက်တတ်သူ
ခေတ် ကို တခေတ်ကို သတ်ခဲ့တာမဟုတ်ပါဘူး ကို့စိတ်သဘောမပါခဲ့ပါဘူး ကိုချစ်ခဲ့တာ မင်းကိုပဲ မင်းကိုပဲ လိုချင်မိတာ ကိုရင်ခုန်ခဲ့တာ ဒီကမ္ဘာပေါ်မှာ မင်းပဲ ရှိတာပါ ကို့ဆီပြန်လာခဲ့ပါကွာ ကို မင်းကိုသိပ်ချစ်တာ
အတွေးတွေနဲ့အတူ ကျေမွသွားတဲ့ ဆေးလိပ်လေးး
တခေတ်ကို ချစ်ခဲ့လား မချစ်ခဲ့လား ကိုတကယ်မသိပင်မဲ့ တခေတ်နေရာ မင်းကို ပေးချင်တယ် မင်းကိုတော့ ကိုရင်ခုန်တယ်ခလေး
----------
ကို့ကို ကို ဒီလောက်မြန်ဆန်စွာ စွဲလမ်းသွားလိမ့်မယ်လို့ ကျတော်မထင်မိဘူး ကျတော် မခွဲနိုင်တော့တာကို ကိုကိုက ပြန်တော့မယ်တဲ့လား အချိန်ခနလေးဆိုပင်မဲ့ ကျတော် ရင်ထဲမှာ ကိုကိုက နက်ရိူင်းဆုံးနေရာမှာ ရှိနေခဲ့တယ်ဗျ
"ကောင်လေး"
ဂုဏ် အိမ်အနောက်က မန်ကျည်းပင်အောက်မှာ ငေးမှိုင်စွာဟထိုင်နေမိသည်
အနောက်မှ ကိုကိုခေါ်သံကို ဂုဏ်လှည့်ကြည့်ပီး ပြုံးပြလိုက်သည်