"ငါ့ကို့ကို ကိုလွမ်းတယ်ကွာ"
အိမ်ရှေ့ခုံပေါ်မှာ မုဆိုးမ ထိုင်ကြီးထိုင်လို့ သူကြီးသားဆိုတာမှာ အချစ်ပူမိနေတယ်ဆိုသကိုး သူငယ်ချင်းဖစ်တဲ့ ငါကပဲ နှစ်သိမ့်ပေးရတော့မှာပေါ့
"အဟမ်း အေးပါကွာ ကိုခေတ်နှောင်းက ပြန်လာချင်ရင် ပြန်လာမှာပေါ့ သူလဲ မင်းကို လွမ်းချင်လွမ်းမှာပေါ့ မလွမ်းရင်လဲ မလွမ်းဘူးနော်... နော် "
ဂုဏ်ပုခုံးကို ပုတ်ပီး နွေးလွန်းနှစ်သမ့်ပေးလိုက်သည် ထိုနှစ်သမ့်စကားကြောင့် ဂုဏ်ကြီးရှင် သူငယ်ချင်းဆိုတဲ့သူကို မျက်စောင်းအကြီးကြီးထိုးပစ်လိုက်သည်
"မင်း ငါ့ ကို နှစ်သိမ့်ပေးနေတာလား
အသဲကွဲအောင်လုပ်နေတာလား
ကို့ကို ကိုလွမ်းနေပါတယ်ဆိုမှ သူတောင်းစားကတမျိုး""နို့ နှစ်သိမ့်စကားမှ ငါမှ မပြောတတ်ကိုး
အော် ဒါနဲ့ ငါမနက်ဖြန် တဖင်ထဲ အတူတူ တချိန်ထဲ ထွက်ထားတဲ့ ၂မိနစ်ကွာ
ငါ့ညီကို သွားခေါ်ရမှာ မြို့ကို မင်းလိုက်အုံးမလား""ဟျောင့်
ဆောင်းကဲ့က မြို့ကမင်းတို့အဒေါ်အိမ်မှာနေတာဆို ဘာလို့ပြန်လာမှာလဲ"နွေလွန်းတို့သည် မိသားစု၄ယောက်ရှိသည် နွေလွန်းမြိုင်နဲ့ဆောင်းကဲ့မြိုင်ဆိုတဲ့ အမွှာ ညီအကိုနှစ်ယောက်ရှိသည့်အပြင် မိဘစုံလင်စွာလဲ ရှိသည် နွေလွန်းက ဒီရွာလေးကိုချစ်လို့ ဘယ်မှမသွားပင်မဲ့ ဆောင်းကဲ့ကတော့ မြို့သားကြီးဖစ်နေခဲ့ပီ အမွှာဆိုပင်မဲ့ နေလွန်းက တောသားပီပီ ထွားကျိုင်းသည် ဆောင်းကဲ့က နူးညံ့သည် သေးသွယ်သည်
"မလိုက်ချင်ပါဘူးကွာ
စိတ်အခြေနေလဲမကောင်းသေးဘူး ကို့ကို ကိုအရမ်းလွမ်းနေတာငါကို့ကို ကိုတွေ့ချင်တယ် ဘယ်မှာနေမှန်းလဲ ငါမသိဘူးကွာ"ဂုဏ်ကြီးရှင်ဆိုတဲ့ သူကြီးသားကငယ်ငယ်ကတည်းက ဘယ်မိန်းခလေးကိုမှ စိတ်မဝင်စားတဲ့သူမျိုးဗျ အချစ်ရေးလဲ သိပ်စိတ်ဝင်စားတဲ့ကောင်မဟုတ်ဘူး အခုမှ ကိုခေတ်နှောင်းကို တကယ်ကြီး ချစ်ပီး ခံစားနေရတာပဲ