လေးအိမ်စုရွာလေးတွင်
"အဘ ကျူပ်သွားတော့မယ်နော် အစစအရာရာဂရုစိုက်ပါနော် အဘ"
"အေးပါကွယ်
အဘကိုစိတ်မပူနဲ့ ငါ့သား
ကိုယ့်ဘာသာကို ဂရုစိုက်ကြားလား""ဟုတ်ကဲ့ပါ အဘရဲ့
သားဘာသာ သားစိုက်စရာမလိုပါဘူး ကိုကို စိုက်ပေးလိမ့်မယ်""ဟမ် ဘာ ဘာကိုစိုက်မှာတုန်း"
"ဂရုပြောတာပါ အဘရယ်"
ခေတ်ကတော့ ခေါင်းတရမ်းရမ်းနဲ့
ဂုဏ်တို့ အိမ်ရှေ့လေးမှာ အထုပ်ကိုယ်စီနဲ့"အဘကို ကန်တော့ပါရစေနော်"
"အော်အေအေ
ငါ့သားလေးက လိမ်မာသကိုး"ဂုဏ် အဘကို မခွဲနိုင်ပင်မဲ့ ကိုကိုကိစ္စက ရှိသေးတယ် ကို့ကိုကို မလွှတ်ထားနိုင်လို့ပါ
အဲဒါပီး သူများနောက်လဲ အပါမခံနိုင်လို့ပါ ကို့ကိုကို သားပိုင်ဆိုင်ချင်မိလို့ပါ"အဲဒါဆို ဦးလေး ကျတော်တို့ကို ခွင့်ပြုပါအုံး ကောင်လေးအတွက်တော့ စိတ်မပူပါနဲ့ ကျတော် သေသေချာချာဂရုစိုက်မှာပါ"
"အေးပါ အေးပါ"
ခေတ်ကပဲ ဦးလေးစိတ်မပူအောင် ပြောပေးလိုက်သည်
"ကားမရောက်သေးဘူးလား ချန်း"
"ရွာထိပ်က စောင့်နေတယ်"
"Ok အဲဒါဆိုသွားကျမယ်
ကောင်လေးအထုပ်တွေ ကိုယ့်ကိုပေး""အာ ကျူပ် အဲ ကျတော်သယ်ပါ့မယ် ကို့ကို အထုပ်တွေရောပေး"
"ကိုယ့်အထုပ်က သေးသေးလေး ကောင်လေးအထုပ်က ကြီးတယ် လေးလိမ့်မယ် ပေးပေး"
"ရတယ် ကိုကိုရဲ့
သားနိုင်တယ်အေးဆေး""ကိုယ့်ကို ပေး"
"ကို့ကို ဗလထက် ကျတော့်ဗလက ပိုကြီးတယ်ဆိုတာ မသိတာလား မမြင်တာလား ကိုကို
ဟင်းဟင်း မမြင်ရင်တော့ မြင်အောင် လုပ်ပေးရအုံးမှာပေါ့"