"ကိုကို"
ဗျာ
ချီး ဘယ်လိုလေးထူးလိုက်တာလဲကွာ
ဗျာဆိုတဲ့ အသံလေးမှာ ဂုဏ်ကြီးရှင်ဆိုတဲ့ ကျူပ်နှလုံးသားပါသွားခဲ့ပီဗျာခေတ်မျက်နှာလေး ပြုံးပျော်လာသည် ဒီကောင်လေးနဲ့နေရတာ စိတ်ချမ်းသာမှု ကို အပြည့်အဝခံစားရတယ် တကယ်ပါ မက်မောမှုတွေ လောဘတွေ မရှိဘူး
"ပြောလေ ကောင်လေးရဲ့ ဘာလို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ"
"အော် ...ဟို ရွာထဲ လျှောက်ကြည့်ရအောင်လေ ကိုကိုလဲ ပျင်းနေရောပေါ့ အိမ်ထဲမှာပဲ နေနေရတော့ ဟုတ်တယ်မလား"
"ကောင်လေးပြောတာ မှန်ပါသည် ခေတ် ဒီရွာစရောက်ကတည်းက ဘယ်နေရာမှ မရောက်ဖူးသေး"
"သွားကျမယ်လေ"
"ဟုတ်ကိုကို"
ဟုတ်ကိုကို တဲ့လားဗျာ
လှုပ်ခတ်သွားတဲ့ ခေတ်ရဲ့နှလုံးသားလေးကိုတော့ ခေတ်အပါအဝင် ဘယ်သူကမှ မသိလိုက်ပါရွာလယ်လမ်းတစ်လျှောက် လမ်းလျှောက်ရင်း
ကိုကိုကတော့ ပုဆိုးကွက်စိတ် အနက်လေးနဲ့ တီရှပ် အနက်လေးနဲ့ အင်္ကျီကြယ်သီးကိုလဲ ရင်ဘတ်ကို ပြချင်လို့လားမသိပါဘူး ၂လုံး၃လုံးအမြဲ ဖြုတ်ထားတတ်တယ် ကျူပ်ဖြင့် မကြိုက်ပေါင် သဝန်တိုလို့
ကောင်လေးပုံစံကတော့ သိတဲ့အတိုင်းပဲ
ပုဆိုးကြီးစလွယ်သိုင်းလို့ ပါးနှစ်ဖက် ဝလုံးနှစ်လုံးနဲ့ ကိုယ်သဘောကျတဲ့ ကြက်တောင်စီးလေးနဲ့ အညိုဆင်လေးပါဗျာ"ကိုကို"
ဂုဏ် ခေတ်ဘေးနားကနေ လမ်းလျှောက်ရင်းခေါ်လိုက်သည်
ဗျာ.."
ကိုကို ဗျာလို့ထူးလိုက်တိုင်း ရင်အရမ်းခုန်ရတယ် ကိုကို သိလား ကိုကို မသိပါဘူး အေးတိအေးစက်နဲ့
"ရွာထိပ်မှာလဲ ရေကန်ကြီးလဲ ရှိတယ်သိလား ကြာပန်းတွေလဲ အများကြီး အရမ်းလှတာ
ရေကန်ဘေးနားမှာလဲ လက်ပံပင်အကြီးကြီးလဲ ရှိတယ်... ကိုကို သွားမလား"