1. I'll hold you tight

2.1K 140 31
                                    

"ကျွန်တော် ဒီကလေးကို ဒီအတိုင်းတော့ မထားခဲ့နိုင်ဘူး..."

Reporterပေါက်စကလေးက သူ့ရင်ခွင်ထဲက သေးငယ်ပိန်ပါးတဲ့ကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်ထားတယ်။ သူက ဒီနယ်ပယ်မှာ အသစ်ပဲရှိသေးတယ်။ အလုပ်စဝင်ခါစကို ဒီလိုမျိုး ဂဂျီဂဂျောင်ကျနေတော့ co workerတွေ မျက်နှာပျက်ကုန်တယ်။ သူလဲ အခုမှရကာစအလုပ်ကလေး အဆင်မပြေမှာကို မကြောက်မိတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရင်ခွင်ထဲက ကောင်လေးရဲ့ ဝိုင်းစက်လှပတဲ့ မျက်လုံးတွေကတော့ တစ်မျိုးပြောနေကြတယ်။

နေရာတိုင်းမှာ မိုးတွေကရွာနေပြီး သူ့အပိုင်မိုးကာကို ကလေးကိုပေးထားရတာမို့ တစ်ကိုယ်လုံးတုန်ရီစိုရွှဲနေခဲ့တယ်။ မှောင်မည်းပြီး ဆိုးဝါးတဲ့ရာသီဥတုမှာ အကုန်လုံး ပြန်ပြီးနားချင်နေကြပြီ။ တစ်ချို့ဆို သူ့ကို ပေါ်တင်ကျိန်ဆဲနေကြကုန်ပြီ။ ဒါပေမဲ့ သူကခေါင်းမာစွာ ကလေးကိုဖက်ထားဆဲပါပဲ။

ဒီလိုရာသီဥတုထဲ ထားခဲ့ဖို့အတွက် သူ့မှာ အသည်းနှလုံးမမဲ့ပါ။ ဩစတေးလျမှာ အုပ်ထိန်းသူမဲ့ အာရှသားကလေးတစ်ယောက်က ဘယ်အထိ ဒုက္ခရောက်သွားနိုင်သလဲ သူတွေးကြည့်လို့တောင်မရနိုင်ပါ။ သူသိတာက သူထားခဲ့ရင် ကလေးဟာ မနက်ဖြန်ကိုမြင်ရနိုင်ပါ့မလားဆိုတာပဲ။

ပုံမှန်ဆို help centerကိုဖုန်းဆက်ရမှာပေမဲ့ သူတို့ရောက်နေတာက ဖုန်းလိုင်းမမိတဲ့မြို့ပြင်တစ်စဖြစ်နေတော့ ခေါင်းမာစွာနဲ့ သူလုပ်သင့်တာကို ‌လုပ်ဖို့ပဲတတ်နိုင်ပါတော့တယ်။

"Fine. He can come with us tonight."

ဝင်ပြောတဲ့ PDကို သူဝမ်းသာအယ်လဲ ခေါင်းညိတ်ပြလိုက်တယ်။ မနက်ဖြန်ဆို ဒီကလေးကိုသူ လုံခြုံတဲ့တစ်နေရာရာကို ပို့လိုက်နိုင်ပြီမို့ တစ်ညတာလိုက်ပါနိုင်တာက ကိစ္စမရှိပါ။

"Thank you Seb..."

"ဒါပေမဲ့ သူက မင်းရဲ့တဲထဲမှာနေရမယ်...
ငါတို့မှာ tentအပိုမပါဘူး..."

"ရတယ် ကိစ္စမရှိပါဘူး..."

သူကလေးကို ပွေ့ချီလိုက်ပြီး အဖွဲ့သားတွေနောက်ကို အမြန်လိုက်ရတယ်။ SUVပေါ်တက်မယ်အလုပ်မှာ စိုရွှဲနေတဲ့သူတို့နှစ်ယောက်ကြောင့် ညိုညင်တဲ့အကြည့်တွေကို ခံလိုက်ရပါသေးတယ်။ ဒါတွေကို မသိချင်ယောင်ဆောင်ကာ အံကြိတ်ပြီး ကားရဲ့ ဘေးအစွန်မှာ ဝင်တိုးထိုင်ဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now