BLUE 2

26 4 3
                                    

ဆုပ်ကိုင်ခဲ့ဖူးတဲ့လက်ဖ၀ါးနုကို အပြုံးတစ်ပွင့်နဲ့လက်လွှတ်...
ဝေးကွာသွားတဲ့ကျောပြင်ငယ်ကို ငေးကြည့်ခြင်းဖြင့် ဖြေသိမ့်ရင်း..
မတည်မြဲခြင်းတွေကိုနှလုံးသွင်းလိုက်ပါမယ်..။

ကျွတ်တမ်းမ၀င်နိုင်သေးတဲ့လူသားတစ်ယောက်ပေပဲမို့ လက်လွှတ်ခြင်းတွေနဲ့ဒီသံသရာဟာကျွန်တော့်အတွက်တော့ အဆင်မပြေသောပါပဲ ဟန်နီ။

ရင်ထဲကအပူငြိမ်းအောင် ဘယ်ဘုရားကိုများ တရားပြပေးဖို့တောင်းဆိုရပါ့မလဲ..။

အလှမ်းဝေးနေတဲ့ ကောင်းကင်ဘုံတံခါးကို ခေါက်နိုင်ဖို့ဆို ခင်ဗျားဆိုတဲ့သက်ရှိကောင်းကင်ဘုံငယ်ကို ကျွန်တော်အရင်ကျောခိုင်းရမယ်။

ခက်ခဲပါတယ် ဟန်နီ။မလွယ်ကူသောပါပဲ..။

ကျွန်တော်တို့ကြားတဲ့က ပြတ်သွားခဲ့တဲ့အချို့ကိုသာ အရင်အမျှဝေရမယ်...။ဒီလိုမှပဲ ကျွန်တော်လည်းကျွတ်တမ်း၀င်နိုင်မယ်ထင့်..။

                                        -Mi

-myth of a daisy-

BLUEWhere stories live. Discover now