မေရေ...
မေမရှိတဲ့နေ့ရက်တွေမှာ ကျွန်တော်ဟာ စွန့်ပစ်ခံ ၀ိဉာဉ်အပိုင်းအစ..
အပြိုပြိုအပျက်ပျက်နဲ့ ၀ိဉာဉ်တစ်ကောင်ဟာ မေ့လက်ဖျားလေးတွေဆီခိုတွဲမိတော့ ပြန်ရလိုက်တာက ရှင်သန်ခြင်းရယ်ပါ။နွေးထွေးမှုတွေကို ငတ်မွတ်နေသူမို့ မေ့နှုတ်ခမ်းတွေကိုမှ တပ်မက်မိကြောင်းပြောရင် မေကျွန်တော့်ကိုစိတ်ဆိုးမလား၊ချွဲနွဲ့မလား။
တစ်စစီဖြစ်နေတဲ့ သင်းကွဲ၀ိဉာဉ်တစ်ကောင်ရဲ့ဘ၀မှာ ပိုင်ဆိုင်တာဆိုလို့ မေ့အပြုံးတွေသာမို့ အမုန်းတွေမရှိတဲ့ရပ်၀န်းမှာ အပြုံးတွေစွန့်ကြဲလှည့်ပါမေရေ...။
မေ့အသက်ရှူသံတွေနဲ့မွမ်းမံထားတဲ့ ကျွန်တော့်ရဲ့အက်ကြောင်းတွေကြားမှာ မေကြိုက်တဲ့ဒေစီဖြူတွေ ပွင့်ကြတယ်မေ။စိတ်အလိုမကျတာတွေရှိတဲ့အခါ ထိုးတတ်တဲ့မျက်စောင်းလေးကို သိပ်မလှစေပါနဲ့။ဒေစီတွေပုန်းကွယ်ပြီး အက်ကြောင်းတွေပိုအက်သွားလောက်အောင် ဒူးထောက်မိမှာစိုးတယ်။
-Mi
-myth of a daisy-