တိမ်တွေကိုငေးဖူးတယ်...။
ကြယ်တွေကိုငေးဖူးတယ်...။
မိုးစက်တွေကိုလည်း ငေးဖူးတယ်..။
ကြွေကျလာတဲ့ ခပ်၀ါ၀ါသစ်ရွက်ဟောင်းလေးတွေကိုလည်း ငေးဖူးတယ်..။
ငေးနေရတာကို ခုမှလုပ်ဖူးခဲ့တာမဟုတ်မှန်းလည်းကျွန်မကိုယ်တိုင်အသိ။ဒါပေမယ့်...
အသားညိုညို၊အပြုံးချိုချိုလေးနဲ့ကျမှ ငေးရင်းနဲ့လည်းနာကျင်ရမှန်း သိလာတာ။
မြတ်နိုးမိတော့လည်း နာနာကျင်ကျင်နဲ့ပဲ ရောင့်ရဲလိုက်ပါမယ်လေ...။
အဝေးကငေးရုံကလွဲပြီးကျန်တာမတတ်နိုင်တဲ့ နုံချာချာကံတရားကြောင့် နာကျင်ရပေမယ့် ကျွန်မငေးကြည့်နေရတဲ့ဖြစ်တည်မှုလေးက ရှင်ဖြစ်နေတော့ နာကျင်ရင်းကြားကပြုံးတတ်ဖို့ကိုလည်းကျွန်မ မသင်ဘဲတတ်ခဲ့ပါတယ်...။
-Mi
-myth of a daisy-