BLUE 13

15 4 0
                                    


ရပ်ကွက်လူမိုက်တစ်ယောက် ချစ်ရေးဆိုနိုင်ဖို့ကြိုးစားတဲ့အခါ လူမိုက်သတ္တိဟာ ကလေးသာသာလိုလို၊ခွေးတစ်ကောင်လိုလိုရယ်ပါ...။'ချစ်တယ်'ဆိုတဲ့စကားတော့ တိုက်ရိုက်ဘယ်ပြောထွက်ပါ့မလဲ။မြတ်နိုးခြင်းတွေကတော့ ခင်နဲ့ဆို အသက်တမျှလို့ အမည်ပြောင်းပါတယ်။

______________________________________

ချစ်တယ် ဆိုတဲ့စကားကို ပြောထွက်ဖို့ လုံလောက်တဲ့သတ္တိက ခင့်အလှတရားအောက်မှာ ချွန်းပေါက်ခံထိထားတယ်။

မည်သို့ပင်ဆိုစေကာမူ....

ဒီတစ်ကြိမ်မှာတော့ ခင့်ကိုချစ်တဲ့အကြောင်းကို ပြောပြဖို့ ခင့်ရှေ့မှောက် အရောက်လှမ်းခဲ့ခြင်းပဲ။

"ဆံပင်တွေရှည်လာတယ်နော် ခင်"

ဤချစ်ရေးဆိုခြင်းဟာ မြတ်နိုးစိတ်ကိုအရင်းခံပြီး ချစ်ခြင်းကိုသက်သေတည်တယ်။

______________________________________

ခင့်အဖေကိုပြောပြလိုက်ပါ။ရပ်ကွက်လူမိုက်ရဲ့ ချစ်ခြင်းဟာလည်းလေးနက်ပါတယ်လို့။

အပေါ်ယံအမြင်တွေနဲ့သာမဆုံးဖြတ်ပါနဲ့။ကျွန်တော်လိုလူဟာ လက်လွှတ်ချင်စရာမကောင်းလောက်အောင် ခင့်အတွက်သင့်တော်ပါတယ်။မယုံရင် ခင်ပြန်ချစ်ကြည့်လှည့်ပါလား။

အိမ်ဦးခန်းကဘုရားစင်ထက် နည်းနည်းပိုနိမ့်တဲ့နေရာမှာ ခင့်အဖေအတွက် ကျွန်တော်နေရာစီစဉ်ထားပေးမယ်။

______________________________________

ကျွန်တော့်မှာ ခင့်လိုနာမည်လှလှမရှိပါ။

ဒါကြောင့်

ခင်ကျွန်တော့်ကို 'မောင်' လို့ခေါ်နိုင်မယ်။

______________________________________

                                       -Mi
-myth of a daisy-

BLUEWhere stories live. Discover now