BLUE 6

14 3 0
                                    

မိုးတွေရွာနေတယ်။
ထုံးစံအတိုင်းအတွေးထဲကို ကျူးကျော်လာလှည့်ပါဦးရှင်ရယ်။

မိုးစက်သံတွေကိုနားထောင်ရင်း ကျွန်မအိပ်ပျော်သွားတဲ့အခါ ရှင်ကကျွန်မအိပ်မက်ထဲထိလိုက်လာ။ပြီးရင် ကျွန်မမဖမ်းဆုပ်နိုင်တဲ့အပြုံးနုနုတွေကိုစွန့်ကြဲလှည့်ပေါ့။

ကျွန်မကိုမမြင်ပေးတဲ့ရှင့်ကို မမြင်ပေးနိုင်လေခြင်း ဆိုပြီးအိပ်မက်ထဲမှာမျက်စောင်းလေးထိုးချင်တယ်။အိပ်မက်ထဲမှာတော့ ရှင်မမြင်တဲ့ကျွန်မရဲ့ကမ္ဘာတစ်ခြမ်းဆီ ၀င်ခိုလှည့်ပါ။

မိုးတွေလည်းတိတ်ပြီ။
အိပ်မက်တွေလည်းဆုံးပြီ။
တိမ်တွေလည်းလွင့်ပြီဆိုရင်တော့ ကျွန်မလည်းရှင့်ကို ကျောခိုင်းလှည့်ပါမယ်။

-Mi
-myth of a daisy-

BLUEWhere stories live. Discover now