ရှေ့ဆက်ရမယ့်ခြေလှမ်းတွေ ပင်ပန်းလာပြီမောင်။ကျွန်မတို့ကျောချင်းခိုင်းပြီး လျှောက်ကြည့်ကြရအောင်။လှည့်မကြည့်ကြေးနော်။
နာကျင်နေတာတောင်နာကျင်မှန်းမသိသာအောင် အပြုံးမျက်နှာနဲ့ ခပ်နာနာဇာတ်ကိုပိတ်ကားချ၊ညမှောင်မှောင်မှာ တစ်ယောက်ထဲထိုင်ရင်း စီးကရက်ငွေ့အချို့လေထဲမှုတ်ထုတ်ခဲ့ဖူးတဲ့မိန်းမတစ်ယောက်ရဲ့ အက်ရာထင်ထင်နာရီအချို့မှာ မောင်ဘာတွေလုပ်နေခဲ့သလဲကွယ်။
မောင်မသိပါဘူး။
မောင်မရှိတဲ့အခြမ်းမှာ ကျွန်မဘယ်လိုနေသလဲ။
မောင်မမြင်တဲ့အခြမ်းမှာ ကျွန်မဘယ်လို ပြိုသလဲ။မောင်ကျွန်မကိုကျောခိုင်းသွားမလား လို့တွေးပူရပေါင်းတွေများလာတော့ ကျွန်မဘက်ကပဲအရင်ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။တစ်မျိုးမထင်ပါနဲ့မောင်ရေ။ဒါကျွန်မရဲ့ မာနသေးသေးလေးပါကွယ်။
ဘာတဲ့....။
မောင့်မှာလည်း အတ္တရှိတယ်တဲ့။ဒါဖြင့်လည်းအတူတူပဲကျောခိုင်းလိုက်ကြရအောင်။
ထပ်ပြောမယ်နော်...။လှည့်မကြည့်ကြေး။
-Mi
-myth of a daisy-