BLUE 3

22 4 2
                                    

ချစ်ခြင်းတရားတွေကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆို အညိုရောင်မျက်၀န်းလေးတွေကနေစပြောရမယ်..။

မြတ်နိုးခြင်းတွေက သူ့ရယ်သံလေးတွေဆီမှာမှ သွားဖြစ်တည်လေတယ်။

မျက်၀န်းညိုတို့ငေးကြည့်ရာအရပ်မှာ နေကြာတွေပွင့်ကြတယ်။ကျောခိုင်းရာအရပ်မှာ ဒေစီတွေပွင့်တယ်။

သူ မမြင်တဲ့ဒေစီလေးတွေကိုသီကုံးပြီး ပန်းသရဖူတစ်ကုံးသူ့အတွက်ပြင်ခဲ့တယ်။နေကြာတွေလိုမတောက်ပပေမယ့် အေးချမ်းတဲ့၀မ်းနည်းစရာခံစားချက်ကလေးတွေ ရောပြွမ်းနေပါတယ်ကွယ်။

နေကြာတွေကိုငေးရတာ မောလာတဲ့တစ်နေ့ ကျောခိုင်းထားခဲ့ရာအရပ်ကိုမျက်နှာမူကြည့်ပါ။ရှင့်ကိုမမောမပန်းငေးမောနေခဲ့တဲ့ ဒေစိီဖြူတစ်ပွင့်ကိုတွေ့ပါလိမ့်မယ်။

ကျွန်မဟာရှင့်မျက်၀န်းညိုတွေမှာ ခဏတာရောင်ပြန်ဟပ်လေတဲ့ ဒေစီဖြူတစ်ပွင့် ဖြစ်ချင်ရုံပါ လို့ပြောရင်သေးသိမ်လှတဲ့ကျွန်မရဲ့လောဘတရားလေးကို အတင့်ရဲလို့မလှောင်ရယ်လိုက်ပါနဲ့။ဒေစီဖြူတစ်ပွင့်ဟာ ရှင့်ရဲ့သာမာန်အပြုံးတစ်ပွင့်အောက်မှာတင် အရှုံးဘက်ကိုရောက်ဖို့ လုံလောက်ပြီးသားဆိုတာသိပေးပါ။ရှုံးနိမ့်ပြီးသားဆိုတာကို သိပေးပါကွယ်။

                                      -Mi
-myth of a daisy-

BLUEWhere stories live. Discover now