Description(must read)

13.9K 113 3
                                    

သာယာကုန်းရွာလေးရှိ စာသင်ကျောင်းလေးမှာ
အစက မူလတန်းအဆင့်အထိသာရှိသော်လည်း
ရွာရှိ ရပ်မိရပ်ဖများက ကလေးများ
အလယ်တန်းပညာကို ကိုယ့်ရွာတွင်
ကိုယ်သင်ကြားနိုင်စေရန် ရည်ရွယ်ချက်ဖြင့်
အလယ်တန်းအထိ တိုးမြှင့်ခဲ့သည်။
ထိုအခါ အစိုးရက ဆရာ၊ ဆရာမများ
တာဝန်ချပေးခဲ့ပြီး ထိုဆရာ၊ဆရာမများက
တာဝန်ထမ်းဆောင်ရမည့် နှစ်ပြည့်လျှင်
ကျောင်းပြောင်းသွားခဲ့ကြသည်။
ကျောင်းတွင် ဆရာ၊ဆရာမများ လိုအပ်လျက်ရှိပြီး
ဆရာလေး ညီညီခိုင်က သာယာကုန်းရွာရှိ
အလယ်တန်းကျောင်းလေးတွေ
တာဝန်ထမ်းဆောင်ဖို့ လျှောက်လွှာတင်ခဲ့ပြီး
ရွှေ့ပြောင်းမိန့်ကျလာခဲ့သည်။
ကလေးတွေကို ပညာတတ်စေချင်သည့်စိတ်ဖြင့်
ရွာလေးထံ ပြောင်းရွှေ့လာသူ ဆရာလေးညီညီနှင့်
ရွာရှိ သုဘရာဇာကြီး ကိုထွန်းလင်းတို့
ချစ်ကြိုးသွယ်ပြီး အတူနေဖြစ်ခဲ့ကြသည်။

Shou [Bottom -intersex]

Name - ညီညီခိုင်
Age - 26
Height - 5'7"

လိင်နှစ်မျိုးဖြင့် မွေးဖွားလာခဲ့သူမို့
အိမ်ရှိမိသားစုဝင်များက ဖူးဖူးမှုတ်
အလိုလိုက်ခြင်း ခံထားသူဖြစ်သော်လည်း
ပညာရေးပိုင်းမှာ ထူးချွန်အောင် ကြိုးစားခဲ့ပြီး
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ခဲ့သူ
ဖြစ်သည်။ ယောက်ျားလေးပုံစံနေသည်မို့
ခန္ဓာကိုယ် ဖြူဖြူသွယ်သွယ်လေးနှင့်
အခြားရွယ်တူယောက်ျားလေးများနှင့်
ယှဉ်လျင် လူကောင်‌လေးသေး၏။
တင်လုံးကျစ်ကျစ်လေးများက ပုဆိုးဝတ်လျှင်
လုံးတင်းနေသည်မို့ တက္ကသိုလ်တက်စဉ်အခါက
လိင်တူစိတ်ဝင်စားသူများထံမှ
ရည်းစားစကား‌ပြောခံရခြင်းကလည်း အခါခါ။
လိင်နှစ်မျိုးပါတာကြောင့် ရည်းစားလည်း
မထားဖြစ်ခဲ့ဘဲ သိုသိုသိပ်သိပ်သာနေခဲ့သည်။
စာသင်ရတာ အမှန်တကယ် ဝါသနာပါပြီး
ကလေးချစ်တတ်ကာ စာသင်ပေးနေရလျင်ကို
ပျော်တတ်သူ။
မြို့ပေါ်ရှိ ကျောင်းများထက် ကျေးလက်ဒေသဘက်ရှိ
အမှန်တကယ် လိုအပ်နေသည့် ကျောင်းများတွင်သာ
ပညာဒါနပြုချင်သည်မို့ သာယာကုန်းရွာလေးရှိ
အလယ်တန်းကျောင်းတွင် ဆရာလုပ်ဖို့
လျှောက်ထားခဲ့သည်။

My SunshineWhere stories live. Discover now