3. Companion? Maybe

274 36 36
                                    


"Review တွေထဲမှာ ပြောတော့ 4 stars ဆို?!"

လက်ထဲမှ ကိုင်ထားသော ဖုန်းကို တစ်လှည့်၊ ရှေ့တည့်တည့်မှ မြင်နေရသော အဆောက်အဦးအား တစ်လှည့် ဆော့ဂျင် ကြည့်မိသည်။ ထို့နောက် တစ်ဆက်တည်း၌ပင် နှုတ်ခမ်းလုံးလုံးများက အလိုအလျောက် စူထော်ချင်လာတော့သည်။

"ခရီးသွားရင် Booking App တွေကိုပဲ အမြဲတမ်း မျက်စိမှိတ် ယုံလို့မရဘူးလေ"

နံဘေးနားကနေ ပခုံးပေါ်မှ ဖုန်းကို လာကျော်ကြည့်ကာ မှတ်ချက်ပေးလာတဲ့ တစိမ်းလူကြောင့် ဆော့ဂျင်ရဲ့ စူချင်ချင် နှုတ်ခမ်းများက အမှန်တကယ်ပင် စူထော်သွားတော့သည်။

လေဆိပ်ကနေ ဒီနေရာအထိလည်း သူ့နောက် တကောက်ကောက်လိုက်လာသေး၊ ပြီးတော့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ မှတ်ချက်ပေးသလို၊ ဝေဖန်သလိုကလည်း လာလုပ်နေသေး။ ကင်မ်ဆော့ဂျင်ကို ဒါမျိုးတော့ လာလုပ်လို့ရမလား?!

ထို့ကြောင့် ရှေ့တည့်တည့်ကို ကြည့်နေရာမှ နံဘေးနားက ထိုလူရဲ့ နေရောင်ဟပ်နေတဲ့ မျက်နှာချောချောဆီသို့ ဆော့ဂျင် ရင်ဆိုင်ကြည့်ပစ်လိုက်သည်။

"ဒီမှာ! ခင်ဗျား မကျေနပ်ရင် ကိုယ့်လမ်းကိုယ်သွားလေ! ကျွန်တော့်နောက်လည်း လိုက်လာသေးတယ် အနားကနေ အဘိုးကြီးတစ်ယောက်လို ပွစိပွစိနဲ့ ကျွန်တော် လုပ်သမျှ အရာအားလုံးကို လိုက်ဝေဖန်နေလို့ မရဘူးလေ!"

"ကိုယ် မင်းကို ဝေဖန်နေတာ မဟုတ်ပါဘူး။ ကိုယ် မင်းကို ပြောပြတာပါ"

လေးထောင့်ကျကျ အပြုံးတွေနဲ့ ပြန်ဖြေရှင်းလာတော့ သူတစ်ယောက်တည်းကပဲ ရန်လိုနေတဲ့ ဗီလိန်ကောင်ကြီးလို ဆော့ဂျင် တစ်ချက် ခံစားသွားရသည်။

"ဘာပဲဖြစ်ဖြစ် အတူတူပဲလေ! ဒီခရီးစဉ်ကို စီစဉ်တဲ့သူက ကျွန်တော်! ကျွန်တော့်ခရီးစဉ်နောက်ကို အတင်းကပ်လိုက်ချင်တာက ခင်ဗျား! အဲ့တော့ ကျွန်တော် စီစဉ်တဲ့နောက်ပဲ ခင်ဗျားလိုက်ရမယ်! ကျွန်တော့်ကို ပြန်ပြီး အထွန့်တက်ခွင့်မရှိဘူး! မှတ်ချက်ပေးခွင့်မရှိဘူး! ဟုတ်ပြီလား?"

သူလုပ်သမျှအပေါ် နောက်ထပ် မှတ်ချက်တွေ မပေးလာနိုင်အောင် ဆော့ဂျင် အရင်ဦးပြီး ရန်တွေ့ထားလိုက်သည်။ ကိုယ့်ကိုကိုယ်လည်း ကြိုတင်ပြီး ကာဗာယူထားရသည်လေ။ ကျားမှန်း သိအောင် အစွယ်ပြထားရသည့် ကြောင်တစ်ကောင်လိုပေါ့။

Dear Summer, Where did we go wrong?Where stories live. Discover now