"ဟင်?!"
"ဟယ်!"
"ဟဲ့ဟဲ့ယုဝေ အသစ်လေးကလှလိုက်တာဟယ်"
"အေးဟဲ့ အသားလေးကလည်းဖြူဝင်းနေတာပဲ တရုတ်မလေးလားမသိဘူး"
"ဟာ ဘယ်ကသာတရုတ်ကမှာလဲ မျက်ခုံးမျက်လုံးကိုလည်းကြည့်လိုက်ဦး ထူပြီးမျက်တောင်ကြီးတွေကဆို ရှည်ကော့နေတာပဲ ဒီကနေကြည့်ရင်တောင်မြင်နေရတယ်"
"အေးနော် ငါတို့မြန်မာတွေလည်း အသားဖွေးတဲ့သူတွေမှ အများကြီးပဲ"
"ဟဲ့! နင်တို့တွေပါးစပ်ပိတ်ထားစမ်း!"
ယုဝေနဲ့နဒီ ကျောင်းသူအသစ်လေးအကြောင်း အာခေါင်မောင်းသန် ချီးမွန်းခန်းဖွင့်နေစဉ် အတန်းခေါင်းဆောင်ဆိုသော နန်းသွယ်က ဟောက်လိုက်သည်။ ထိုအခါ အဟောက်ခံလိုက်ရသောနှစ်ယောက်က မျက်နှာမသာမယာဖြစ်သွားသည်။ မျက်စောင်းခပ်ရေးရေးထိုးရင်း ပါးစပ်ပိတ်ကာ အရှေ့ကိုလှည့်သွားကြတော့သည်။
ယုဝေနဲ့နဒီသာ,မက တန်းထဲရှိမိန်းကလေးအများစုသည် နန်းသွယ်ကိုမည်သို့မျှကြည့်မရကြပေ။ ဆရာ/ဆရာမတွေက,ပစားပေးထားတယ်ဆိုပြီး ဇောင်းကြွားကြွားနဲ့ နေရာတစ်ကာဆရာကြီးလုပ်ကာ စကားအပြောအဆိုကလည်း ရင့်သီးသေးသည်။
သန့်ရှင်းရေးနေ့တွေမှာပဲဖြစ်ဖြစ် အလှူခံတာပဲဖြစ်ဖြစ် တစ်ခုခုဆို ဆရာမအသံထက် သူ့အသံကိုမကြားချင်မှအဆုံး ဆရာကျကာ ဆူညံလို့နေသည်။
နေရာတစ်ကာမှာသာ စပ်စပ်နဲ့နေတာ စာကတော်သလားဆိုတော့ လုံးဝဘိတ်ချေးပင်ဖြစ်သည်။စာဖြေတိုင်းလည်း အနိုင်ကျင့်တတ်သည့် ဗီဇကြောင့် တစ်ချို့ကောင်မလေးတွေက ကြောက်လန့်ကာ သူ့ကိုစာပြပေးရသေးသည်။ လူကမဲသလောက် စိတ်ဓာတ်ကလည်း မဲပုတ်ပါ့။
"ဆရာမကြီးတို့ဒီနေ့ကျောင်းသူအသစ်လေးရောက်တယ် နာမည်ကစွဲမက်ရှင်တဲ့မှတ်ထားကြနော်.... ပြီးတော့ သူငယ်ချင်းကို မသိတာရှိရင်ကူညီလိုက်ကြဦး"
"ဟုတ်ကဲ့ပါကျောင်းအုပ်ကြီးရှင့်/ခင်မျ!!"
ကျောင်းအုပ်ကြီးရဲ့စကားကို တက်တက်ကြွကြွနဲ့ တုန့်ပြန်လာသည့်အသံတွေသည် ယောက်ျားလေးအများစု၏ အသံများသာဖြစ်သည်။