💚Part -10💚

617 33 0
                                    

"နင့်ကိုလွှတ်လို့ ငါပြောနေတယ် ပြီးမှ ငါ့အဆိုးမဆိုနဲ့~"

ဗလုံးဗထွေးနဲ့ သူမရဲ့စကားတွေကို လျစ်လျူရှုပြီး တံခါးဘေးမှာရှိတဲ့လော့ကို လက်လှမ်းလိုက်၏။ ပြီးနောက် သူ ဘယ်တော့မှမမေ့သော သူမ၏မွေးနေ့ရက်စွဲလေးကို နှိပ်လိုက်သည်။

ဒီငမူးမလေးက နံပါတ်ကိုရိုက်နှိပ်ပြီး တံခါးဖွင့်လို့ရတာကို မေ့နေသည်ထင်ပါ့။ မူးလာရင် ချစ်စရာကောင်းလိုက်ပုံများ။

တံခါးက ပွင့်သွားတော့ သူအထဲကိုဝင်လိုက်သည်။ ထိုအခါ သူ့လက်ထဲကကောင်မလေးက လက်သေးသေးလေးတွေနဲ့ သူ့ရင်ဘက်ကိုထုရင်းပါလာသည်။

"နင် သေချင်ပြီနဲ့တူတယ်... ငါ့အကြောင်းသိချင်ရင် စုံစမ်းလိုက်..... ငါ့ရိုက်သတ်ခဲ့တဲ့သူတွေက မနည်းဘူးနော်.... မယုံမရှိနဲ့~"

အားလေးလျှာလေးနဲ့ မူးနေတာတောင် ကြွားလုံးထုတ်ကာ သူ့ကို ချိန်းခြောက်နေသေးသည်။ သူ သဘောကျစွာ တစ်ချက်ရယ်လိုက်ပြီး

"အဟွန်း... အရူးမလေး"

သူ တံခါးကိုပြန်ပိတ်လိုက်ပြီး သူမ အခန်းရှိရာကို သွားလိုက်သည်။ ပြီးနောက် သူမအား ကုတင်ပေါ်တင်ကာ ဖိနပ်တွေကို အသာအယာ ချွတ်ပေးလိုက်သည်။ သူမယူလာတဲ့ ပစ္စည်းတွေကိုလည်း နေရာတကျပြန်ထားပေးလိုက်ကာ သူမအား မအိပ်ခင် သန့်စင်ပေးဖို့ လုပ်ရတော့သည်။

ယခု သူ၏ ပြုမူလှုပ်ရှားမှုများသည် ဤအခန်းနှင့် စိမ်းသက်မနေပါပဲ အကျွမ်းတစ်ဝင်ရှိနေသည့်အလား ထင်ရပေသည်။

"အဟင့် ကြပ်လိုက်တဲ့အင်္ကျီ"

သူမကိုပေါ်ကအင်္ကျီကြောင့် အသက်ရှူကြပ်သလိုခံစားရ၍ ဆွဲချွတ်မည်အလုပ် သူမမျက်နှာအား သန့်စင်ပေးရန် ရေဇလုံနဲ့အတူရောက်လာသောသူက မြင်သွားသည်။

သူ မျက်လုံးပြူးမျက်စံပြူးဖြစ်သွားပြီး

"ဟာ ဟေ့ဟေ့ မချွတ်နဲ့ဦးလေ မင်း-"

သူ မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းရမ်းလိုက်သည်။ အရင်က သူမအခုလိုမူးလာတိုင်း အမြဲဒီလိုပြုမူတတ်သည်ကို သတိရသွားတော့ ပါးပြင်နှစ်ဖက်က ချက်ချင်းရဲတတ်လာသည်။

အရင်းနှီးဆုံး သူစိမ်းWhere stories live. Discover now